ကရင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ သည်းခံနားလည်မှုနဲ့ ဖြေရှင်းဖို့ အာဏာသိမ်း သမ္မတ ပြော
ဘားအံ၊ နိုဝင်ဘာ ၇ ကရင်ပြည်နယ်ကို နေ့စဉ်လေကြောင်းကနေ ဗုံးကြဲမှုတွေ ပြုလုပ်နေတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးရဖို့ သဘောထားကွဲလွဲမှုတွေကို သည်းခံနားလည်မှုနဲ့ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖို့ တိုက်တွန်းပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ကိုယ်တိုင်ခန့်…
မွန်မှာ ရာမညမွန်တပ်တော် တိုက်ပွဲ ဖော်ဆောင်လာ
ရေး ၊ နိုဝင်ဘာ ၇ မွန်တော်လှန်ရေးတပ်များစွာရှိတဲ့ထဲက ပြီးခဲ့တဲ့ အောက်တိုဘာလ တိုက်ပွဲဖြစ်ပွားမှုအတွင်း မွန်ပြည်သစ်ပါတီ NMSP-AD ရဲ့ ရာမညမွန်တပ်တော်က မွန်ဒေသမှာ တိုက်ပွဲအများဆုံး ဖော်ဆောင်နိုင်ခဲ့တယ်လို့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ RICE ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။ တိုက်ပွဲအခြေအနေတွေကို ကြည့်မယ်ဆိုရင် ရာမညမွန်တပ်တော် RMA က ရေးမြို့နယ်နဲ့ ကျိုက်မရောမြို့နယ်ရှိ စစ်တပ်စခန်း…
ကင်ညာမှာ ရာနဲ့ချီတဲ့ ကလေးငယ်တွေကို သတ်ဖြတ်မှုအတွက် ဘာသာရေး ခေါင်းဆောင် ထောင်ဒဏ် နှစ်ပေါင်း ၂၀၀ ချမှတ်ခံရ
မွမ်ဘာဆာ ၊ နိုဝင်ဘာ ၇ ကင်ညာနိုင်ငံမှာ ဘာသာရေး ကျင့်စဉ်ဂိုဏ်း ခေါင်းဆောင် ပေါလ် မက်ကန်ဇီကို တရားရုံး တစ်ရုံးက နိုဝင်ဘာ ၆ ရက်မှာ ထောင်ဒဏ် နှစ်ပေါင်း ၂၀၀ ချမှတ်လိုက်ပါတယ်။ ခေတ်သစ် ကာလတွေမှာ ဘာသာရေးနဲ့ ဆက်စပ်တဲ့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအနက် တစ်ခုအတွင်း သားကောင်ဖြစ်ခဲ့ရတယ်လို့ သံသယရှိသူ ၅၀၀…
နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေ တရုတ် ပြဌာန်း
ဘေဂျင်း၊ နိုဝင်ဘာ ၆ နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဥပဒေအသစ် တစ်ရပ်ကို တရုတ် အစိုးရက အတည်ပြု ပြဌာန်းလိုက်ကြောင်း နိုင်ငံပိုင် သတင်းဌာန ဆင်ဟွာက နိုဝင်ဘာ ၆ ရက်မှာ ဖော်ပြပါတယ်။ အဲဒီ ဥပဒေ အသစ်က နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လုံခြုံရေးကို စောင့်ရှောက်ပြီး နယ်စပ်ဖြတ်ကျော် အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်လို့…
ဘဏ္ဍာရေး စောင့်ကြည့်ရေး အမည်ပျက်စာရင်းက မြန်မာကို ဖယ်ရှားပေးရေး ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သတင်း ဂျပန် ငြင်းဆို
တိုကျို ၊ အောက်တိုဘာ ၆ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အမည်ပျက်စာရင်းကနေ မြန်မာကို ဖယ်ရှားပေးရေး တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းကို ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အထူးအဖွဲ့ FATF ရဲ့ အမည်ပျက် စာရင်းကနေ မြန်မာကို ဖယ်ရှားပေးရေး တွန်းအားပေးနေတဲ့ နိုင်ငံတွေထဲမှာ ဂျပန် နိုင်ငံပါဝင်နေတယ်လို့ ရိုက်တာသတင်းဌာနက…
စစ်အာဏာသိမ်း (၂၁၀၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၅၆)ဦးထိရှိလာ
မော်လမြိုင်၊ နိုဝင်ဘာ၇ AAPP ရဲ့ နိုဝင်ဘာ ၆ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၁၀၅) ရက်အတွင်း ပြည်သူ (၈၆၅၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၂၇၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၄၁၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…
ကိုရီးယား-အာဆီယံ ဆက်ဆံရေးကတဆင့် ဒီမိုကရေစီအရေး တွန်းအားပေးဖို့ SCEF တောင်းဆို
မော်လမြိုင် ၊ နိုဝင်ဘာ ၇ ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျတဲ့ အားပေးကူညီမှုတွေနဲ့ ကိုရီးယား-အာဆီယံ ဆက်ဆံရေးကတဆင့် ဒီမိုကရေစီရေး တွန်းအားပေးမှုကို တိုးမြှင့်စေလိုကြောင်း ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF က တောင်းဆိုခဲ့တယ်လို့ နိုဝင်ဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့က SCEF ကိုယ်စားလှယ်အဖွဲ့က ကိုရီးယားအမျိုးသားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီ…
စစ်အစိုးရလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ကမြို့နယ်တွေမပါ
နေပြည်တော် ၊ နိုဝင်ဘာ ၇ စစ်အစိုးရထိန်းချုပ်ထားတဲ့ လွှတ်တော်တွေမှာ ကိုယ်စားလှယ်နေရာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၅၅ ခုအတွက် လာမယ့်နှစ် ဧပြီ ၄ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုဝင်ဘာ ၅ ရက်နေ့မှာ ကြေညာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ နဲ့ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ…
ကျိုက်ထိုမှာ PDF ယာယီစခန်းတစ်ခု သိမ်းပိုက်ခံရ
ကျိုက်ထို၊ နိုဝင်ဘာ ၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခမောက်ခွေကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ယာယီစခန်းတစ်ခုကို အာဏာသိမ်း စစ်တပ်က သိမ်းပိုက်ရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား ခမောက်ခွေကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်း…
ပြင်သစ်မှာ စားဝတ်နေရေး စရိတ်ကြီးမြင့်မှုနဲ့ ပတ်သက်တဲ့ သပိတ်မှောက်မှုတွေနဲ့ ဆန္ဒပြသူ အရေအတွက် ပိုများလာ
ပါရီ ၊ နိုဝင်ဘာ ၆ နိုင်ငံတဝန်း လူထုစုဝေးပွဲတွေနဲ့ ချီတက်ပွဲတွေမှာ ပါဝင်တဲ့ ဆန္ဒပြသူ ၆ သိန်းကျော်ရှိကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ သမဂ္ဂ ၅ ခုကလည်း အများပြည်သူ ဝန်ဆောင်မှုတွေနဲ့ လုပ်ခလစာအတွက် ငွေပိုပေးရေး တောင်းဆိုတဲ့အနေနဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်လာခဲ့ပါတယ်။ ဆန္ဒပြပွဲတွေမှာ ပါဝင်သူ ၁ ဒသမ ၅၇…
