မန္တလေးတိုင်းလွှတ်တော်ရုံးနဲ့ တရားရုံးတွေကို မြနန္ဒာစစ်ဆင်ရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

မန္တလေး – ဖေဖော်ဝါရီ(၂၂) မန္တလေးတိုင်းလွှတ်တော်ရုံးနဲ့ တရားရုံးတွေကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့က အဝေးထိန်း မိုင်းနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေး(မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အောင်မြေသာစံမြို့နယ်၊ဘုန်းတော်တိုးရပ်ကွက်၊ လမ်း(၁၀) မှာရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ဘန်ကာအတွင်းက…

“စိတ်ပိုင်းဆိုင်ရာကအများကြီး ထိခိုက်မှုရှိတာပေါ့နော်။ ကလေးတွေကလည်း ဘယ်အချိန်မှာ လက်နက်ကြီး ကျမလဲ။ ဘယ်အချိန်မှာ ပြန်လာပစ်မလဲဆိုတာက ဘယ်သူမှမသိတော့ အမြဲတမ်းပဲ နေ့တိုင်းပဲ သတိနဲ့နေရတယ်”

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူး ပဒိုစောလောအယ်မူးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် အခုနှစ်ပညာသင်နှစ်အတွင်းမှာ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက် ပျက်စီးခဲ့သလို ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာဆရာမတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒါကြောင့် KNU အုပ်ချုပ်နယ်မြေက စာသင်ကျောင်းတွေ တိုက်ခိုက်…

ဥရောပသမဂ္ဂက မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ ဆက်စပ်အစုအဖွဲ့တွေကို အရေးယူပိတ်ဆို့မှုတွေထပ်မံပြုလုပ်

သယ်ဟိတ်ချ်၊ ဖေဖော်ဝါရီ(၂၂) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာသိမ်းပြီး ကမ္ဘာလုံးဆိုင်ရာ အမျက်ဒေါသကို မီးမွှေးခဲ့တဲ့စစ်ကောင်စီကို ခြောက်ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကို ဥရောပသမဂ္ဂက ချမှတ်လိုက်ပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လူ ပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း၇ ခုပါဝင်ပြီး အဲဒီထဲမှာ စွမ်းအင်ဝန်ကြီးအပါအဝင် ထင်ရှားတဲ့ စီးပွားရေးသမားတွေ၊ အဆင့်မြင့်အရာရှိတွေ၊ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့…

မြောက်ကိုရီးယားအရေး ကုလလုံခြုံရေးကောင်စီ နှုတ်ဆိတ်နေတာ အန္တရာယ်ရှိတယ်လို့ အမေရိကန် ဆို

ဝါရှင်တန် – ဖေဖော်ဝါရီ(၂၂) မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံကျည် ပစ်လွှတ်မှုကို ရှုတ်ချပြီး ပြုံယမ်းကို သံတမန်ရေးအရ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမေရိကန်က အဆိုပြုထားတာကို အဖွဲ့ဝင် (၁၅) နိုင်ငံက တုံ့ပြန်ဖို့ ပျက်ကွက်တာဟာ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားအပေါ် ထပ်မံဖိအားပေးတာဟာ အပြုသဘော ဆောင်မှာမဟုတ်တဲ့အတွက် ကန့်ကွက်ခဲ့ပြီး လုံခြုံရေးကောင်စီက နောက်ထပ်လုပ်ဆောင်မှု…

ဝန်ကြီးချုပ်ရာထူးအတွက် ပြည်သူ့ဆန္ဒမဲကောက်ခံမှုမှာ သကဆင်သမီးကို ပရာရွတ်ရှုံးနိမ့်

ဘန်ကောက် – ဖေဖော်ဝါရီ(၂၂) ထိုင်းနိုင်ငံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဘန်ကောက်မြို့တော် ပြည်သူတွေက ရွေးချယ်ခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ဖယ်တုံတန်ရှင်နာဝါထရာ ဦးဆောင် နေပြီး လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ပရာရွတ်ကိုတော့ ရွေးချယ်သူနည်းပါးခဲ့တယ်လို့ သိရပါတယ်။ ဖြေဆိုသူ (၁၅၇၁)ဦးမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖယ်တုံတန်ဟာ (၂၈.၅) ရာခိုင်နှုန်းရရှိထားသလို မစ္စတာ ပရာရွတ်ကတော့ (၂၅.၇) ရာခိုင်နှုန်းရရှိခဲ့တာပါ။ ထိုင်းနိုင်ငံဖွံ့ဖြိုးရေးစီမံခန့်ခွဲမှု…

တနင်္သာရီမြို့နယ်မှာ စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေထိခိုက်ပျက် စီးခဲ့

တနင်္သာရီ၊ ဖေဖော်ဝါရီ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ် မှုကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၅ လုံး ထက်မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေ သကာကွယ်ရေး တပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မြိတ်ဘက်ကနေ တနင်္သာရီမြို့နယ်ထဲက ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီအခြေ…

စစ်အာဏာသိမ်း (၇၅၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၂၂ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၂) AAPP ရဲ့ ဖေဖော်ဝါရီ(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၁)ရက်အတွင်း ပြည်သူ (၃၀၂၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၈၁၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

နိုင်ငံရေးပါတီတချို့ ပြည်ထောင်စုအဆင့် မှတ်ပုံတင်ခွင့်ရဖို့ ကြိုးပမ်းတာတွေရှိနေ

ရန်ကုန် ၊ ဖေဖော်ဝါရီ (၂၂) စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လာရောက်လျှောက်ခွင့် ကြေညာပြီးနောက်ပိုင်း နိုင်ငံရေးပါတီတချို့ဟာ ပြည်ထောင်စုအဆင့်မှာ မှတ် ပုံတင်ခွင့်ရဖို့ ကြိုးပမ်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ကန့်သတ်ချက်တွေဟာ ပြည်ထောင်စုတဝန်းလုံးကို စည်းရုံးမယ့် ပါတီအတွက် ရန်ပုံငွေအပြင် ပါတီဝင်အင်အား၊ ပါတီရုံးခန်းနဲ့ ကိုယ်စားလှယ်လောင်းအရေ အတွက် ပြည့်မီဖို့ အကျပ်အတည်းဖြစ်စေတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။…

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၂) ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ဘားအံ အာရှလမ်းမကြီးတလျှောက်မှာ စစ် ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာတယ်လို့ ကုန်သည်တွေနဲ့ ကုန်တင်ကားမောင်းသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ မြဝတီ-ဘားအံအာရှလမ်းမကြီးမှာ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံ ခြုံရေးအကြောင်းပြချက်နဲ့ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ထားပြီး ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေအပေါ် ငွေကြေးအဆမတန် တောင်းယူတာတွေ…