ထားဝယ်အရှေ့တောဒေသမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေ
ထားဝယ်၊ ဖေဖော်ဝါရီ(၂၂) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ ထားဝယ်အရှေ့တော PDF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကစပြီး ထားဝယ်အရှေ့တောဒေသရှိ ဝကုန်း၊ သင်္ကန်းတုံးကျေးရွာအနီးနဲ့ ဘဲမတပ်တောင်ကြောတွေကို တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။…
သံတောင်နဲ့လိပ်သိုမြို့မှာ စစ်တပ်မီးရှို့တာနဲ့လက်နက်ကြီးကြောင့် နေအိမ် ၂၀ နီးပါးပျက်စီးပြီး အရပ် သား ၂ ဦး ဒဏ်ရာပြင်းထန်
သံတောင်၊ ဖေဖော်ဝါရီ(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ သံတောင်မြို့ ၁၃ မိုင်နဲ့ လိပ်သိုမြို့မှာ ဖေဖော်ဝါရီ၂၂ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကလေး(၁)ဦးအပါအဝင် အရပ်သား(၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနဲ့ နေအိမ်အဆောက်အဦး၊ ကား၊ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ(၂၁)ရက်နေ့ မနက်အစောပိုင်းမှာ KNU…
သရက်မှာ ရဲစခန်းတိုက်ခိုက်ခံရလို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ထပ်မံကြားဖြတ်တိုက်ခိုက်ခံရ
သရက် – ဖေဖော်ဝါရီ(၂၁) မကွေးတိုင်း၊ သရက်မြို့နယ် ဆင်ကော်ရဲစခန်းတိုက်ခိုက်ခံရတဲ့အတွက် စစ်ကူလာပေးတဲ့ စစ်ကောင်စီ က.ပ.စ -၁၂ ရဲ့ ကားကိုပါ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ ဆင်ကော်စခန်းမှူးနဲ့ က.ပ.စ -၁၂ ကဗိုလ်တစ်ဦးအပါအဝင် (၈) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သရက်ခရိုင် PDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၀) ရက်နေ့က…
Radio Than Lwin Times(18/2)
Youtube Tube Link Sound Cloud Link
သရုပ်ဆောင် အကယ်ဒမီသီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်
ရန်ကုန် – ဖေဖော်ဝါရီ(၂၁) သရုပ်ဆောင်၊ဒါရိုက်တာသီဟတင်စိုးဟာ ဒီနေ ဖေဖော်ဝါရီလ(၂၁) ရက်နေ့မှာ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက အသိပေးထားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၅၅) နှစ်အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တဲ့ အတွက် မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းရတယ်လို့ သရုပ်ဆောင်ဝေဠုကျော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ သူဟာ ၂၀၀၀ ခုနှစ်အကယ်ဒမီမေးပွဲမှာ “ငရဲသား” ဆိုတဲ့…
TLT Tv||- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၂၁) ရက် အင်္ဂါနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/I2QeUTje7Qk
တာလီဘန်တွေက ပြည်ပအခြေစိုက်စစ်စခန်းတွေကို အထူးစီးပွားရေးဇုန်တွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေ
ကာဘူးလ်၊ ဖေဖော်ဝါရီ(၂၁) အရင်ကထားရှိခဲ့တဲ့ နိုင်ငံခြားစစ်အခြေစိုက်စစ်စခန်းတွေကို စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အထူးစီးပွားရေးဇုန်တွေအဖြစ် ပြောင်းလဲပစ်မယ့်အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ တာလီဘန်အစိုးရ စီးပွားရေးဆိုင်ရာ ယာယီလက်ထောက်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ (၁၉ ) ရက်နေ့က ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ အရင်က အမေရိကန်အခြေစိုက်စခန်းတွေအတွက် အစီအစဉ် တွေကို လုပ်ဆောင်နေပြီး ယာယီလက်ထောက်ဝန်ကြီးချုပ်ဦးဆောင်တဲ့ စီးပွားရေးကော်မတီနှစ်ရပ်စလုံးထံ တင်ပြကာ အစိုးရအဖွဲ့ထံ အတည်ပြုချက်ရယူမှာဖြစ်ကြောင်း ဒီဇင်ဘာလက…
တရုတ်နိုင်ငံဟာ ကမ္ဘာ့ရာသီဥတုဘေးအန္တရာယ်နဲ့ ထိခိုက်လွယ်ဒေသအများဆုံးပိုင်ဆိုင်ထား
ဘေဂျင်း – ဖေဖော်ဝါရီ(၂၁) ကမ္ဘာလုံးတိုင်ရာ ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ထိရှလွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဒေသ (၂၀) ထဲမှာ တရုတ်နိုင်ငံဟာ (၁၆) ဒေသပါဝင်နေပြီး အရေးကြီးထုတ်လုပ်ရေးစက်မှုဇုံတွေဟာ ရေမျက်နှာပြင်မြင့်တက်တာနဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကို ရင်ဆိုင်နေရပါတယ်။ မိုးလေဝသနဲ့ သဘာဝပတ်ဝန်းကျင်အချက်အလက်တွေကို အသုံးပြုကာ စီးပွားရေးလုပ်ငန်း တွေက တွန်းပို့တဲ့ အပျက်အစီးတွေကြောင့် လာမယ့် ၂၀၅၀ ခုနှစ်မှာ အပူချိန်မြင့်တက်မှုကို စုံစမ်းစစ်ဆေးဖို့…
စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ NUG ယာယီသမ္မတပြော
မော်လမြိုင် – ဖေဖော်ဝါရီ(၂၁) နိုင်ငံရေးတိကဝတ်တွေကို အမြန်ဆုံးသဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံး ပြေ လည်အောင်…
“စစ်ကောင်စီဘက်ကဘာကြောင့် ထိခိုက်ကျဆုံးမှုပိုများလာတာလဲဆိုတာ ဒါကတော့ တိုတိုနဲ့ပြောရမယ်ဆိုရင် ပြည်သူလူထုကို မတရားနှိပ်ကွပ်ဖိနှိပ်၊ နှိပ်စက်တဲ့ ဒီလိုတရားမဝင်တဲ့ အဖွဲ့အစည်းတွေက လူထုကသူ့ဘက်မှာ လုံးဝမရပ်တည်တဲ့အခါမှာ ဘယ် ကိုပဲသွားသွား ဒုက္ခတွေတွေ့မှာဆိုတာတော့ ယုံမှားသံသယမရှိပါဘူး”
KNU ပြောခွင့်ရပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂နှစ်အတွင်း နှစ်ဖက် တိုက်ပွဲပေါင်း ၈၀၀၀ နီးပါး ဖြစ်ပွားထားသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည် သူ အရေအတွက်ကလည်း ၄ သိန်း ကျော်အထိရှိလာခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာတော့ KNU အုပ်ချုပ်နယ် မြေထဲက စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်း…
