မှုခင်း

ပွင့်ဖြူဒေသခံ ၆ ဦးကို စစ်ကောင်စီအကြောင်းမဲ့ဖမ်းဆီး 

ပွင့်ဖြူ၊ဧပြီ ၂၇ မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်မကျေးရွာက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ၄ ဦးနဲ့ ၂၆ ရက်နေ့မှာ ၂ ဦး စုစုပေါင်း ၆ ဦးကို စစ်ကောင်စီတပ် က ဖမ်းဆီးသွားတာပါ။ ဒေသခံတစ်ဦးက…

မြစ်ကြီးနားအကျဉ်းထောင်က ထောင်ဝန်ထမ်း ၅ ဦးကို စစ်တပ် ဖမ်းဆီး

မြစ်ကြီးနား၊ ဧပြီ ၂၆ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်းတွင်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က အကျဉ်းထောင်ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အကျဉ်းထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားပြီးနောက်ပိုင်း ထောင်ပိုင်လေး ဦးကျော်မင်းဦး၊ ထောင်ဆေးရုံဆရာဝန် ဦးထွန်းထွန်းအောင် အပါအဝင် အကျဉ်းထောင်ဝန်းထမ်း ၅ ဦးကို…

မကွေးမှာလူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်နေ

မကွေး၊ဧပြီ ၂၄ မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပွင့်ဖြူနဲ့ မြို့သစ်မြို့က လူငယ်တွေကို PDF ထောက်ပို့ဆိုပြီး အကြောင်းပြဖမ်းဆီးကာ အတင်းအကြပ်စစ်မှုထမ်းခိုင်နေတာပါ။ ပွင့်ဖြူမြို့နယ်အရှေ့ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခိုင်းနေတာဖြစ်တယ်လို့ သိရပြီး ၅ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တစ်ဦးက…

ထရမ့်ရဲ့ နှုတ်ပိတ်ခ ငွေပေးမှုဟာ ရွေးကောက်ပွဲလိမ်လည်မှုလို့ အစိုးရရှေ့နေတွေ စွပ်စွဲ

ဝါရှင်တန်၊ဧပြီ ၂၄ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ နှုတ်ပိတ်ခငွေပေးတဲ့ အမှုကိုစစ်ဆေးရာမှာ အစိုးရရှေ့နေတွေက ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင် ရာဇဝတ်မှုဆိုင်ရာ လျှို့ဝှက်ကြံစည်မှု တစ်ခုပြုလုပ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကို ဖုံးဖိဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲလိုက် ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမှုစစ်ဆေးကြားနာချိန်အတွင်း မှာ ရှေ့နေတစ်ဦးက ရွေးကောက်ပွဲလိမ်လည်မှု စစ်စစ်ဖြစ်ပါတယ်လို့ ဂျူရီလူကြီးတွေကို ပြောခဲ့တာပါ။…

ပအိုဝ်းဒေသမှာ သုံးလအတွင်းအရပ်သား ၇၀ နီးပါးသေဆုံး

ဆီဆိုင်၊ဧပြီ ၂၃ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် လေးခုမှာ သုံးလအတွင်းအရပ်သား ၆၆ ဦးသေဆုံးပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဆီဆိုင်၊ပင်လောင်း၊ညောင်ရွှေနဲ့ ဟိုပုံးမြို့နယ်တွေမှာ မြို့နယ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုထားပါတယ်။ တိုက်ပွဲကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၄…

ဆီဆိုင်ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

ဆီဆိုင်၊ဧပြီ ၁၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်ကားလမ်းပေါ်က ပုံလောင်းရွာအနီး မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် လမ်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့ တာဖြစ်တယ် လို့ ဆိုထားပါတယ်။ ဆီဆိုင်မြို့ကို PNLA…

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်ပြန်ဖမ်း

မြစ်ကြီးနား၊ဧပြီ ၁၈ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးပြီးနောက် ညနေပိုင်းမှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)က မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာပြီးနောက် နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတာပါ။ ဖမ်းဆီးမှုမှာ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အတူ သူ့ရဲ့အမျိုးသမီးဖြစ်သူနဲ့…

မန္တလေးမှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

မန္တလေး၊ဧပြီ ၁၂ မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ ရသူတွေဟာ မိသားစုဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာဖော်ပြထားပါ တယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက အသတ်ခံရတဲ့မိသားစုဝင်တွေကို ဆွေမျိုးတွေက ဖုန်းနဲ့ ဆက်သွယ်လို့မရတာကြောင့် သက်ဆိုင်ရာကို အကြောင်းကြားပြီး သော့ဖျက်ဝင်ရောက်ချိန်မှာ သေဆုံးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတ်ဖြတ်ခံခဲ့ရသူတွေဟာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အောင်သပြေရပ် ၁၀ လမ်း/…

တော်ဝင်ဥပဒေနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို စွဲချက်တင်ဖို့ ထိုင်းအစိုးရ မဆုံးဖြတ်ရသေး

ဘန်ကောက်၊ဧပြီ ၁၁ နန်းတော်ကိုစော်ကားတယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ဩဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စွဲချက်တင်ဖို့နဲ့ မတင်ဖို့ ကြားနာမှုကို ထိုင်းအစိုးရရှေ့နေချုပ်က ရွှေ့ဆိုင်းမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ဧပြီ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။ ဒီအမှုကို အစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သက်ဆင်ရဲ့ ရှေ့နေ ဝင်ယက် ချာမွန်ထရီက ရိုက်တာကို ပြောခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုမပြီးဆုံးသေးတာကြောင့် နောက်ထပ်ကြားနာစစ်ဆေးမယ့် အစီအစဉ်ကို…

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်တပ် ဖမ်းဆီး

မော်လမြိုင် ၊ ဧပြီ ၁၀ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသတွင်းရှိ ကော့သပ်၊ ကော့စွယ်ကျေးရွာဘက်က စစ်ရှောင်တွေကို ဒေါက်တာ အောင်နိုင်ဦးက လူသားချင်းစာနာမှုအကူအညီတွေ…