KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်တပ်ပြန်ဖမ်း

0
28

မြစ်ကြီးနား၊ဧပြီ ၁၈

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးပြီးနောက် ညနေပိုင်းမှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့)က မြစ်ကြီးနားအကျဉ်းထောင်ကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာပြီးနောက် နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးမှုမှာ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အတူ သူ့ရဲ့အမျိုးသမီးဖြစ်သူနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG တာဝန်ရှိသူတစ်ဦးလည်းပါဝင်တယ်လို့ သိရပါတယ်။

ဒီဖမ်းဆီးမှုဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို သေချာမသိရသေးဘူးလို့ ဒေါက်တာခလမ်ဆမ် ဆွန်ရဲ့ ရှေ့နေက ပြည်တွင်းမီဒီယာတွေကိုပြောထားပါတယ်။ 

စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားတဲ့ ဒေါက်ာတာခလမ်ဆမ်ဆွန်အပါအဝင် သုံးဦးလုံးကို မြစ်ကြီးနားအကျဉ်းထောင် ရိပ်သာမှာ ထားရှိတယ်လို့ သိရပါတယ်။ 

သံလွင်တိုင်းမ် အနေနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီဖမ်းဆီးမှုနဲ့ ပတ်သက် ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့တော့မရခဲ့ပါဘူး။ 

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းက ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီဘက်က မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) တို့နဲ့ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.