ပွင့်ဖြူဒေသခံ ၆ ဦးကို စစ်ကောင်စီအကြောင်းမဲ့ဖမ်းဆီး 

0
16

ပွင့်ဖြူ၊ဧပြီ ၂၇

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ် လယ်မကျေးရွာက ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ၄ ဦးနဲ့  ၂၆ ရက်နေ့မှာ ၂ ဦး စုစုပေါင်း ၆ ဦးကို စစ်ကောင်စီတပ် က ဖမ်းဆီးသွားတာပါ။

ဒေသခံတစ်ဦးက ဖမ်းဆီးခံရသူတွေဟာ NLD ပါတီထောက်ခံသူတွေဖြစ်တယ်လို့ ဆိုထားပြီး သူတို့တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုက်ဆံပေးပြီး ရွာမှာပြန်နေကြသူတွေလို့ ပြောပါတယ်။ 

“အများစုက NLD ထောက်ခံသူတွေဆိုရင် မမှားဘူး။သူတို့က ရွာမှာပြန်နေချင်လို့ ပိုက်ဆံပေးပြီး နေနေကြရသူတွေပါတယ်။ ရွာမှာနေတာလဲ ကြာပြီ အဲဒါကို စစ်တပ်က ဖမ်းပြီးနှိပ်စက်နေတာပါ” လို့ ပြောခဲ့ပါတယ်။ 

ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ရိုက်နှက်နှိပ်စက်တာတွေရှိနေပြီး လက်ရှိအချိန်မှာ သူတို့ကို မဲဇနီ နယ်မြေရဲစခန်းမှာ စစ်ဆေးတာတွေရှိနေတယ်လို့ သိရပါတယ်။ 

ဧပြီလ ၂၅ ရက်နေ့ ညပိုင်းကလည်း လယ်မကျေးရွာက ဦးဌေးမင်းဆိုသူကို လက်နက်ကိုင်တွေက နေအိမ်ထဲအထိဝင်ရောက်ပစ်ခတ်သွားပြီးနောက် ဒေသခံ ၆ ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူ ၃၀၀၀၀ နီးပါးအထိရှိနေပြီ ဖြစ်တယ်လို့ သိရပြီး အဲဒီထဲမှာ  NLD ပါတီနဲ့ ပတ်သက်သူ တစ်သောင်းကျော်အထိရှိနေတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

ပုံစာ  – ပွင့်ဖြူမှာ စစ်ကောင်စီရဲတွေ ပြည်သူတွေကို လမ်းမှာစစ်ဆေးနေစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.