တော်ဝင်ဥပဒေနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို စွဲချက်တင်ဖို့ ထိုင်းအစိုးရ မဆုံးဖြတ်ရသေး

0
20

ဘန်ကောက်၊ဧပြီ ၁၁

နန်းတော်ကိုစော်ကားတယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ဩဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို စွဲချက်တင်ဖို့နဲ့ မတင်ဖို့ ကြားနာမှုကို ထိုင်းအစိုးရရှေ့နေချုပ်က ရွှေ့ဆိုင်းမှာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေက ဧပြီ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ဒီအမှုကို အစိုးရရှေ့နေချုပ်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သက်ဆင်ရဲ့ ရှေ့နေ ဝင်ယက် ချာမွန်ထရီက ရိုက်တာကို ပြောခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုမပြီးဆုံးသေးတာကြောင့် နောက်ထပ်ကြားနာစစ်ဆေးမယ့် အစီအစဉ်ကို မေ ၂၉ ရက်နေ့ကို ရွေ့ဆိုင်းလိုက်တယ်လို့ ထိုင်းအစိုးရရှေ့နေချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဖက်ခန်က သတင်းစာရှင်းလင်းပွဲမှာ အသိပေးထားသလို စုံစမ်းစစ်ဆေးမှုရလဒ်တွေ မပြည်စုံသေးဘူးလို့ ဆိုထားပါတယ်။

ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ထိုင်းကိုပြန်ရောက်လာပြီးနောက် ထိန်းသိမ်းခံထားရာက ဖေဖော်ဝါရီလမှာ ပြန်လွှတ်လာခဲ့တဲ့ သက်ဆင်ဟာ နန်းတော်အပေါ် သစ္စာရှိ တယ်လို့ အကြိမ်ကြိမ် ကတိပြုထားတာပါ။

နန်းတော်လိုလားတဲ့ စစ်တပ်က သက်ဆင်ကို စွဲချက်တင်ထားတာဖြစ်ပြီး ကျူးလွန်ကြောင်း ထင်ရှားပါက ထောင် ၁၅ နှစ်အထိချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က နိုင်ငံတကာမီဒီယာတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သက်ဆင်ရဲ့ ပြောဆိုမှုတွေကို စစ်တပ်က စွပ်စွဲထားတာဖြစ်ပါတယ်။

သက်ဆင်ဟာ အာဏာအလွဲသုံးစားမှုနဲ့ ချမှတ်ခံထားရတဲ့ ထောင်ဒဏ်ကို ရှောင်ရှားရေး ပြည်ပမှာ ၁၅ နှစ်ကြာတိမ်းရှောင်နေခဲ့ပြီးနောက် သူ့ရဲ့မဟာမိတ်တွေ ရွေးကောက်ပွဲအနိုင်ရပြီးချိန်မှာ ပြည်တော်ပြန်ခဲ့တာပါ။

သူ့အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို ဘုရင်က တစ်နှစ်သို့လျှော့ချပေးခဲ့ပေမယ့် သက်ဆင်ဟာ ဆေးရုံမှာပဲ ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.