ဆီဆိုင်ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

0
36

ဆီဆိုင်၊ဧပြီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်ကားလမ်းပေါ်က ပုံလောင်းရွာအနီး မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးတဲ့ အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ဧပြီလ ၁၈ ရက်နေ့က ဖြီတခေါ့ရွာက ဒေသခံနှစ်ဦးဟာ ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် လမ်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ပြီး စစ်ဆေးမေးမြန်းတာမရှိဘဲ ပစ်ခတ်ခဲ့ တာဖြစ်တယ် လို့ ဆိုထားပါတယ်။

ဆီဆိုင်မြို့ကို PNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီလ ၂၂ ရက်နေ့က သိမ်းပိုက်ပြီးနောက် ပိုင်း စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းအဖွဲ့တွေ ပြန်လည်တိုက်ခိုက်နေတဲ့အတွက် နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားခဲ့နေတာပါ။

အရပ်သားနှစ်ဦး ပစ်ခတ်ခံခဲ့ရတဲ့ ပုံလောင်းရွာအနီးမှာ စစ်ကောင်စီ ခမရ-၅၀၉၊ ခလရ-၇ တပ်ရင်းတွေအပြင် တပ်မ ၅၅ လက်အောက်ခံ ဗျူဟာ တစ်ခုလည်းအထိုင်ချထားတယ်လို့ သိရပါတယ်။ 

တိုက်ပွဲတွေကြောင့် ဆီဆိုင်၊ပင်လောင်းနဲ့ ဟိုပုံမြို့နယ်အတွင်းက အရပ်သား ၆၀ ကျော်သေဆုံး ထားပြီး ၇၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက အသိပေးထား ပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော် မီးလောင်ပြာကျသွားပြီဖြစ်တယ်လို့ မြေပြင် ရဲ ဘော်တွေက သံလွင်တိုင်းမ်ကို ပြောထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

ပုံစာ – ဆီဆိုင်မြို့တွင်းတနေရာ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.