ပအိုဝ်းဒေသမှာ သုံးလအတွင်းအရပ်သား ၇၀ နီးပါးသေဆုံး

0
18

ဆီဆိုင်၊ဧပြီ ၂၃

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ် လေးခုမှာ သုံးလအတွင်းအရပ်သား ၆၆ ဦးသေဆုံးပြီး ၈၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဆီဆိုင်၊ပင်လောင်း၊ညောင်ရွှေနဲ့ ဟိုပုံးမြို့နယ်တွေမှာ မြို့နယ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုထားပါတယ်။ 

တိုက်ပွဲကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၄ ဦး၊စစ်ကောင်စီ တပ်ဖမ်းဆီး စစ်ဆေးရင်း သေဆုံးခဲ့ရသူ ၁၆ ဦးနဲ့ စစ်ဘေးရှောင်ရင်း သေဆုံးရသူအပါအဝင် တခြားအကြောင်းအရာတွေကြောင့် သေဆုံးခဲ့သူ ၁၆ ဦး ရှိတယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၀ ဦး၊လက်နက်ကြီး ကြောင့် ၂၆ဦး အပြင် မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲလို့ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၃ ဦးရှိတယ်လို့ သိရပါတယ်။

PNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စတင်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့သူ ၅၀၀၀ နီးပါးအထိရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

ပုံစာ – ဆီဆိုင်မြို့နယ်အတွင်းက စစ်ရှောင်တွေကိုတွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.