တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်တော့မယ်
မော်လမြိုင် – ဇူလိုင်(၁) စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်တော့မှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။ အမှတ်(၂) စစ်ဒေသခွဲအနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိစေဖို့အတွက် အခုလို ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းနဲ့ လမ်းဟောင်း၊ ပဲခူး- စစ်တောင်းလမ်း၊ ရန်ကုန်-မုတ္တမလမ်း၊ ရန်ကုန်-ဘားအံ လမ်းပိုင်းတို့ကို နေ့စဉ်…
