စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ထပ်လုပ်မှာကို စိုးရိမ်မှုတွေ ရှိနေ
ရန်ကုန် ၊ ဇူလိုင် (၃၀) သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက သေဒဏ်စီရင်မှုတွေ ထပ်လုပ်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြောပါတယ်။စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ဒီလုပ်ရပ်ကြောင့် အကျဉ်းထောင်ထဲမှာ…