သတင်း

ထိုင်း “လူထုစံနမူနာယူထိုက်သူ” ဆု မဲတော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင် ရရှိ

ဘန်ကောက် – ဧပြီ(၅) ထိုင်းနိုင်ငံအတွင်း ဂီတ၊အနုပညာ၊နိုင်ငံရေး၊စီးပွားရေး စတဲ့ ကဏ္ဍပေါင်းစုံက လူမှုအပြောင်း အလဲဦးဆောင်နိုင်သူတွေကိုပေးအပ်တဲ့ People of tomorrow ဆုကို မဲတော်ဆေးခန်းပဲ့ကိုင်ရှင် ဒေါက်တာစင်သီယာမောင်က ဒီနေ့ ဧပြီလ(၅)ရက်နေ့မှာ လက်ခံရယူခဲ့ပါတယ်။ The People Award ဆုကို ထိုင်းနိုင်ငံနယ်ပယ်အစုံက လူမှုအပြောင်းအလဲအတွက် ဦးဆောင်နိုင် တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း(၁၀၀) ကနေ ရွေးချယ်ပြီးနောက်ဆုံး…

စစ်ကောင်စီတပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်ရောက်နေပြီလို့ NUG ယာယီသမ္မတပြော

မော်လမြိုင် – ဧပြီ(၅) တခေတ်တခါမှာမှ မကြုံခဲ့ဖူးတဲ့ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ နည်းမျိုးစုံဆန့်ကျင်ခဲ့ကြတာကြောင့် ဒီအချိန်ဟာ စစ်ကောင်စီတပ်ရဲ့ အင်အားအချိနဲ့ဆုံးအချိန်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ(၄) ရက်နေ့မနက်ပိုင်းမှာကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၃) ကြိမ်မြောက်အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “ဒီအချိန်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အင်အား အချိနဲ့ဆုံးအချိန်လို့ ပြောလို့ရတဲ့ အချိန်ပါ။ ဘာကြောင့် ဒီလိုပြောတာလဲဆိုရင်…

ပြည်ထောင်စုအခွန်ကောက်ဥပဒေ စစ်ကောင်စီပြဌာန်း

နေပြည်တော် ၊ ဧပြီ (၅) ၂၀၂၃ ခုနှစ်အတွက် ပြည်ထောင်စု အခွန်အကောက်ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ မတ် ၃၀ ရက်နေ့မှာ ပြန်လည်ပြဌာန်းလိုက်တယ်လို့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အဲဒီဥပဒေကို ၂၀၂၃ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေဟုခေါ်တွင်ပြီး ဧပြီ ၁ ရက်နေ့ကစပြီး စတင်အကျိုးသက်ရောက်စေရမယ်လို့…

စစ်အာဏာသိမ်း (၇၉၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၁ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၅) AAPP ရဲ့ ဧပြီ(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၃)ရက်အတွင်း ပြည်သူ (၃၂၁၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၀၃ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

သင်္ကြန်ကာလမှာ စက်သုံးဆီဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်

မော်လမြိုင်၊ ဧပြီ(၅) စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် အခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက် လာတဲ့အတွက် သင်္ကြန်ကာလတွေမှာ ဈေးနှုန်းပိုမိုမြင့်တက်လာနိုင်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ ဧပြီ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ (၉၅) ဓာတ်ဆီ တစ်လီတာကို ကျပ် (၂၂၄၀) ဝန်းကျင်ကနေ ကျပ် (၂၄၀၀) ဝန်းကျင်ထိ မြင့်တက်လာသလို (၉၂)…

မွန်ပြည်နယ်မှာ နှစ်လအတွင်း အရပ်သားထိခိုက်သေဆုံးမှု ပိုများလာ

မော်လမြိုင်၊ ဧပြီ(၅) အရေးပေါ်ကာလသက်တမ်း ထပ်တိုးထားတဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ် ခတ်မှုကြောင့် မွန်ပြည်နယ်မှာ အရပ်သားထိခိုက်သေဆုံးမှု ပိုများလာတယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ရေးမြို့နယ်တို့မှာ အဲဒီ ၂ လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့်…

KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ နီးပါး ဖြစ်ပွားခဲ့

ဖာပွန်၊ ဧပြီ(၅) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း စစ်ကောင်စီ နယ် ခြားစောင့်တပ် BGF နဲ့ KNLA တပ်မဟာ(၅)တို့အကြား တိုက်ပွဲပေါင်းအကြိမ်(၂၀၀)နီးပါး ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅) က ထုတ်ပြန်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ BGF ဘက်က ၉၂ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်…

ဘီးလင်းမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရ

ဘီးလင်း၊ ဧပြီ(၅) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် သပြေနီကျေးရွာနဲ့အလူးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့နယ်ကနေ သထုံမြို့နယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၅…

မိမိကိုယ်ကို အဆုံးစီရင်မှုတွေကိုတားဆီးဖို့ မလေးရှားအစိုးရ ကြိုးပမ်းနေ

ကွာလာလမ်ပူ၊ ဧပြီ(၅) မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်အန်ဝါအီဘရာဟင် အစိုးရက လိုက်လျောညီထွေဖြစ်စေတဲ့ တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေရဲ့ နောက်ဆုံးအနေနဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေတယ်လို့ ဥပဒေရေးရာဝန်ကြီးက ဧပြီလ ၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မလေးရှားပါလီမန်မှာ မဖြစ်မနေ သေဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုအရေအတွက်ကို ဖြတ်တောက်ပြီး သဘာဝအ တိုင်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေကို ဖျက်သိမ်းဖို့ မဲခွဲဆုံးဖြတ်ပြီး နောက်တစ်ရက်အကြာမှာ…

အညွှန်းကိန်းတွေအရ စင်္ကာပူဟာ ကမ္ဘာ့အဆင့် (၇) ရှိတဲ့ Smart City ဖြစ်လာ

စင်္ကာပူ – ဧပြီ(၅) ၂၀၂၃ ခုနှစ် Smart City အညွှန်းကိန်းအရ စင်္ကာပူဟာ စမတ်အကျဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ အဆင့် (၇) ရှိတယ်လို့ သိရပါတယ်။ ဆွစ်ဇာလန် အခြေပြုစီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျုအရ မြင့်မားပြိး အရည်အသွေး ရှိတဲ့ လူနေမှုဘဝကို ရရှိဖို့အတွက် စိန်ခေါ်မှုတွေကို နည်းပညာသုံးပြီး မြို့ပေါင်း(၁၄၁) မြို့အပေါ် အဆင့်သတ်မှတ်ထားတာဖြစ်ပါတယ်။…