သတင်း

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ထီးလင်း၊ စက်တင်ဘာ (၂၀) မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၆ ဦးထက်မနည်းကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ခေါင်းတုံရွာက ဒေသခံ ၂ ဦး ၊ ညောင်လယ်ကျေးရွာက ဒေသခံ…

ငွေကြေးမတည်ငြိမ်မှုကြောင့် မွန်ပြည်နယ်မှာ အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံတာ ပိုများလာ

မော်လမြိုင်၊ စက်တင်ဘာ (၂၀) စစ်တပ်အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ငွေကြေးဖောင်းပွမှုနဲ့အတူ မြန်မာငွေတန်းဖို ဆက်လက် ကျဆင်းနေတဲ့အတွက် မွန်ပြည်နယ်မှာ အိမ်ခြံမြေအပေါ် ရင်းနှီးမြှုပ်နှံတာနဲ့ ဝယ်ယူစုဆောင်းတာတွေ ပိုများလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ဩဇာခံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းချုပ်ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ဆက်တိုက် မြင့်တက်လာတာ၊ ဈေးကွက်မတည်ငြိမ်မှုတွေကြောင့် အိမ်ခြံမြေအပေါ် ဝယ်ယူစုဆောင်းတာနဲ့…

စစ်တပ်က ဒေသခံရွာသားကို ဖမ်းဆီးပြီး PDF လို့ သတင်းဖြန့်

အမှန်/အမှား စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကံပုလဲကျေးရွာတွင် PDF ပဒက် ၁ ကောင်ဖမ်းမိ” ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ ၁၃…

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီ တင်ပြချက်တွေကိုသာ နားထောင်ခဲ့ရတယ်လို့ KNLA-PC ပြော

ရန်ကုန်၊ စက်တင်ဘာ (၂၀) စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ဘက်က ပြင်ဆင်ထားတဲ့ တင်ပြချက်တွေကို နားထောင်ခဲ့ရပြီး အသေးစိတ် အပြန်အလှန် ဆွေးနွေးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ KNU/KNLA-PC အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဒုတိယအကြိမ်…

မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေ

လွိုင်ကော်၊ စက်တင်ဘာ (၂၀) ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ပြီး တင်အင်အား တိုးချဲ့တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ခမရ(၄၂၂) တပ်ရင်းအပြင် ဖက်ခုံအခြေစိုက် တပ်ရင်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းကစပြီး မိုးဗြဲမြို့ပေါ်ကို လက်နက်ကြီး အဆက်မပြတ်…

ထားဝယ်နဲ့ လောင်းလုံးမြို့မှာ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ လူငယ် ၁၀ ဦး အဆက်အသွယ် ပြတ်နေ

ထားဝယ်၊ စက်တင်ဘာ (၂၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်နဲ့လောင်းလုံးမြို့တွေက ဒေသခံလူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဒေခံတွေက ပြောပါတယ်။ ထားဝယ်မြို့ခံတွေဖြစ်တဲ့ ကိုဖြိုးထက်အောင်အပါအဝင် ၅ ဦးကို စစ်ကောင်စီက မသင်္ကာမှုနဲ့ နေအိမ်တွေနဲ့ လမ်းတွေမှာ စက်တင်ဘာ ဒုတိယပတ်က ဖမ်းဆီးခဲ့တာပါ။ လောင်းလုံးမြို့ခံ ၅ ဦးကိုတော့…

ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီ လေတပ်ပိုင်းလော့စာရင်း Operation Spitfire ထုတ်ပြန်

မော်လမြိုင် – စက်တင်ဘာ(၁၉) အာဏာသိမ်းစစ်ကောင်စီလေတပ်မှာ တာဝန်ထမ်းဆောင်ပြီး ကလေးသူငယ်တွေနဲ့ ပြည်သူတွေ ကိုတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်းအတွင်းက လေတပ် ပိုင်းလော့ အမည်စာရင်း နဲ့ နေရပ်လိပ်စာတွေကို Operation Spitfire အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ စာရင်မှာ ဗိုလ်အဆင့်(၅)ဦး၊ဗိုလ်ကြီးအဆင့် (၈) ဦးနဲ့ ဒုဗိုလ်မှူးကြီးအဆင့် (၂) ဦးပါဝင်ပါတယ်။ “ကျွန်တော်တို့ ရန်ကုန်တိုင်းမှာရှိနေတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့(UG) တွေလက်ထဲအပါ…

မိုးမိတ်မှာ SSPP နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက် ထိခိုက် သေဆုံး ရှိခဲ့

မိုးမိတ် – စက်တင်ဘာ(၁၉) ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၃) ဦးသေဆုံးကာ (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇) ရက်နေ့ မနက်(၇) နာရီလောက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ မြောက်ဘက် ဟွေခမ်းတောင်ကြောမှာ SSPP/SSA နဲ့…

လက်ယက်ကုန်း ကျေးရွာက စစ်ကောင်စီဖမ်းသွားတဲ့ ဆရာနဲ့ ကလေးငယ်တွေရဲ့ အသက် အန္တရာယ်စိုးရိမ်နေရ

ဒီပဲယင်း – စက်တင်ဘာ(၁၉) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ် ကလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အသက်ရှင်ကျန်ခဲ့တဲ့ ဆရာနဲ့ ကလေးငယ်တွေ ကိုဖမ်းဆီးသွားတဲ့အတွက် သူတို့တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိပဲ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရရှိထားတဲ့ ဆရာမ(၂)ဦးနဲ့ ကလေးငယ်အယောက်(၂၀) ကို…