ဘီးလင်း ကျုံအိတ်တံတားဖြစ်စဉ်မှာ ၃ ဦး သေဆုံး ၂၆ ဦး ဒဏ်ရာရ
ဘီးလင်း – ဇွန်(၂၉) မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ်တံတား မိုင်းဖောက်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ အပါအဝင် ၃ ဦးထက်မနည်း သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားဟာ ဒီနေ့ ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတခြမ်း…
