သတင်း

NCA စာချုပ်ကို လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU ပြော

ကော့ကရိတ်၊ ဩဂုတ်လ (၁၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ ပါဝင်လက်မှတ်ရေးထိုးထားပေမယ့် စစ်ကောင်စီရဲ့ စာချုပ်စည်းကမ်းဖောက်ဖျက်မှုကြောင့် လိုက်နာစရာအကြောင်းမရှိဘူးလို့ KNU က တုံ့ပြန်လိုက်ပါတယ်။ သြဂုတ် ၁၀ ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ NCA စာချုပ်အပေါ် သဘောထားမေးမြန်းရာ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပဒိုစောတာဒိုမှူးက…

ရေဖြူမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ

ရေဖြူ၊ ဩဂုတ်လ (၁၁) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ပြည်သူလူထု ၃၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့သြဂုတ် ၈ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ရေဖြူမြို့နယ်ထဲကို ထိုးစစ်ဆင်ဝင်ရောက်လာတာပါ။…

မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် ၃ ဦးသေဆုံး

မော်လမြိုင်၊ ဩဂုတ်လ (၁၁) မွန်ပြည်နယ်မှာ အခုနှစ်ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် ၃ ဦး သေဆုံးထားတယ်လို့ စစ်ကောင်စီပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ ပြည်နယ်တဝန်းမှာ ရောဂါဖြစ်ပွားသူ ၁၂၀၀ နီးပါးအထိ ရှိလာပြီး အဲဒီထဲမှာ မော်လမြိုင်မြို့နယ်က ရောဂါဖြစ်ပွားသူ ၂၃၉ ဦး ၊…

မြိုင်က စစ်ကောင်စီဂိတ်နှစ်ခု တိုက်ခိုက်ခံရ

မြိုင် – ဩဂုတ်(၁၀) မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီဂိတ်နှစ်ခုကို ရှော့တိုက်ဒုံးအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် (ပ.က.ဖ) ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က မြိုင်မြို့ပေါ်မှာရှိတဲ့ မန္တလေးဂိတ်နဲ့ ပခုက္ကူဂိတ်တွေကို ၈၀-မမ ရှော့တိုက်၊၁၂၀-မမ အဖူးတို့အပါအဝင် အလုံး(၅၀) ကျော်အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တာပါ။ “အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar…

မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုကြောင့် မဏိပူရပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပွားစေတယ်လို့ဆို

နယူးဒေလီ – ဩဂုတ်(၁၁) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက မဏိပူရပြည်နယ်ရှိ တိုင်းရင်းသား ပဋိပက္ခတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပေါ်နေတာလို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ မဏိပူရပဋိပက္ခရှိ နှစ်ဘက်လုံးကို ဆွေးနွေးအဖြေရှာပြီး တွေ့ဆုံဖြေရှင်းကြဖို့ သူကတောင်းဆိုခဲ့ တာပါ။ မြန်မာနိုင်ငံဟာ မဏိပူရပြည်နယ်လို အိန္ဒိယအရှေ့မြောက်ဘက်မှာရှိတဲ့ နယ်စပ်တွေနဲ့ ဆက်စပ် နေတာဖြစ်ပါတယ်။ လက်တလော မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့…

ဘီလာရုစ်နယ်စပ်ကို စစ်သားတစ်သောင်းအထိ စေလွှတ်ဖို့ ပိုလန်စီစဉ်နေ

ဝါဆော – ဩဂုတ်(၁၁) ပိုလန်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်ကို အထောက်အကူပံ့ပိုးပေးဖို့အတွက် ဘီလာရုစ်နယ်စပ်ကို နောက်ထပ်တပ်ဖွဲ့ဝင် တစ်သောင်းအထိ ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ “နယ်စပ်မှာ စစ်သား တစ်သောင်းလောက်ရှိမယ်၊ အဲဒီထဲက လေးထောင်လောက်က နယ်ခြား စောင့်တပ်ကို တိုက်ရိုက် ထောက်ပံ့မှာဖြစ်ပြီး ခြောက်ထောင်လောက်က အရန်တပ်ထဲမှာရှိနေ မယ်” လို့ ဝန်ကြီး ဘလက်ဇ်ဇတ်က ပြည်သူ့ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ…

တရုတ်နိုင်ငံရဲ့ CellX မှ ဓာတ်ခွဲခန်းထုတ် အသားတွေကို စမ်းသပ်စီမံကိန်းအဖြစ် စတင် မိတ်ဆက်

ပေကျင်း – ဩဂုတ်(၁၁) ရှန်ဟိုင်းစက်မှုဇုန်အတွင်း မထင်မှတ်ထားတဲ့ စမ်းသပ်မှုနောက်မှာ CellX ကုမ္ပဏီဟာ တိရိစ္ဆာန် တွေရဲ့ ဆဲလ်းတွေကတဆင့် ဓာတ်ခွဲခန်းအတွင်းထုတ်လုပ်တဲ့ အသားကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ အဲဒီအသားတွေကို တစ်ပွဲစာထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ (၁၃.၈၇) ဒေါ်လာထက်နည်းတဲ့ ပမာဏ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဟာ…

စစ်ကောင်စီ ခံစစ်အနေအထားကိုရောက်ရှိသွားပြီလို့ KNLA ဗိုလ်မှူးချုပ်ပြော

ကော်သူးလေ – ဩဂုတ်(၁၀) အာဏာသိမ်းစစ်ကောင်စီဟာ ထိုးစစ်ဆင်တာတွေလုပ်ဆောင်နိုင်စွမ်းမရှိတော့ဘဲ ခံစစ် အနေအထားကိုရောက်ရှိနေပြီး KNLA ဘက်က နယ်မြေတွေပိုမိုထိန်းချုပ်လာနိုင်တယ်လို့ KNLA စစ်ဦးစီး မှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောပါတယ်။ ဒီနေ့ သြဂုတ်လ(၁၀) ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ မြောက်ဘက်ခြမ်းက…