စစ်ကောင်စီက ဇွန်လအတွင်းပြည်သူပိုင်နေအိမ်တွေကို (၉၃) ကြိမ်မီးရှို့ခဲ့
မော်လမြိုင် – ဇူလိုင်(၃) အာဏာသိမ်းစစ်ကောင်စီက ဇွန်လအတွင်း ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု (၉၃) ကြိမ် အထိရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံထားရတဲ့ နေရာတွေထဲမှာ စစ်ကိုင်းတိုင်းက (၇၉) ကြိမ်နဲ့ အကြိမ် အများဆုံးဖြစ်ပြီး ပြည်သူပိုင်နေအိမ် (၂၅၁၁)လုံးနဲ့ မီးရှို့သတ်ဖြတ်ခံရသူ (၉) ဦးအထိရှိခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရမှုတွေထဲက မကွေးတိုင်းမှာ(၃)ကြိမ်၊ အိမ်…
