စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲမယ်လို့ KNU ဥက္ကဋ္ဌ ပြော
ကော်သူးလေ – ဩဂုတ်(၁၂) စစ်အာဏာရှင်ရဲ့ လမ်းစဉ်နဲ့အုပ်ချုပ်ရေး လုပ်ငန်းတွေအားလုံး အဆုံးသတ်နိုင်ဖို့အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအစုအဖွဲ့တွေအပြင် လူထုအခြေ ပြုအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ဩဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ မိန့်ခွန့်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသွားခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ ဗမာလူမျိုးကြီးဝါဒကို အသုံးချကာ…
