သတင်း

စစ်ကောင်စီခွင့်ပြုချက်နဲ့ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်မှု ကျယ်ကျယ်ပြန့်ပြန့်လုပ်လာ

ကော့ကရိတ်၊ သြဂုတ်(၁၃) အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီခွင့်ပြုချက်နဲ့ လုံခြုံရေးကင်းလှည့်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းထဲမှာပဲ သထုံခရိုင်အုပ်ချုပ်ရေး နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာတချို့နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ မွန်ကျေးရွာတချို့တို့မှာ လုံခြုံရေးကင်းလှည့်ဆောင်ရွက်မှုတွေ ထပ်တိုးလုပ်ဆောင်လာတာပါ။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ဇူလိုင်ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်၊…

စစ်ရေးအပြင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွေမှာ စစ်ဗိုလ်ချုပ်တွေနေရာပိုယူလာ

နေပြည်တော်၊ သြဂုတ်(၁၃) နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ မတရားသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ စစ်ရေးအပြင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွေမှာ စစ်ဗိုလ်ချုပ်တွေကို နေရာပိုပေးလာတယ်လို့ နိုင်ငံရေးအကဲ ခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိုင်းပြည်မတည်ငြိမ်မှု အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် သြဂုတ် ၁ ရက်နေ့က ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ ကောင်စီအဖွဲ့ကို ပြန်…

တိုင်းပြည်တည်ငြိမ်ရေးအကြောင်းပြ ပြည်သူကို ဆက်လိမ်နေဦးမယ့် စစ်အုပ်စု

အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း တစ်စထက်တစ်စ မြန်နှုန်းမြင့်လာနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကြားမှာ နိုင်ငံတကာ ဖိအားနဲ့အတူ နယ်မြေတည်ငြိမ်ရေးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းနေရပါတယ်။ ဒီအခြေအနေမှာ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်အားကိုးပြီး သွေးစွန်းလက်နဲ့ အဓမ္မအရယူထားတဲ့ နိုင်ငံ့အာဏာကို မစွန့်လွတ်နိုင်ဘူးဆိုတာ အချက်အလက်တွေက ပြနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ…

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦး ဖမ်းဆီးခံရ

သံဖြူဇရပ်၊ သြဂုတ်(၁၃) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ၊ ရွာသာယာကျေးရွာအနီးမှာ သြဂုတ် ၁၁ ရက်နေ့ မနက်ပိုင်းက မြေသယ်ယာဉ်နဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်ကနေ သံဖြူဇရပ်မြို့နယ်သို့ မောင်းနှင်လာတဲ့ မြေသယ်ယာဉ် ၄ စီးမှာ ရိုဟင်ဂျာတွေ လိုက် ပါလာတယ်ဆိုတဲ့ သတင်းအရ…

တောင်ကျရေ မြင့်မားမှုကြောင့် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုလေ့ကျင့်ရေးကွင်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်

မော်လမြိုင် – ဩဂုတ်(၁၂) မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျရေ အဆမတန်မြင့်တက်လာပြီး ကျောင်းသားလက်ရုံးတပ်တော် ဗဟိုလေ့ကျင့်ရေးကွင်းမှာ ရှိတဲ့ ရုံးအဆောက်အအုံတချို့နဲ့ ရုံးလုပ်ငန်းသုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေမှာ စိုက်ပျိုးထားတဲ့အခင်းတွေလည်း ပါဝင်သွားသလို တခြားပစ္စည်းတွေနဲ့ ကာလတန်ဖိုး ကျပ်သိန်း(၁၀၀) နီးပါးအထိရှိခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသားလက်ရုံးတပ်တော်ဟာ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံတဝှမ်းက တက္ကသိုလ်ကျောင်းသားတွေဦးဆောင်ဖွဲ့စည်းထားတဲ့ တော်လှန်ရေး အင်အားစုဖြစ်ပါတယ်။ ဓာတ်ပုံ –…

ကိုရီးယားကျွန်းဆွယ်မှာ အပူပိုင်းမုန်တိုင်းအပြီး ရေလွှမ်းမိုးမှုအပျက်အစီးတွေအတွက် တောင်နဲ့ မြောက်ကိုရီးယားအစိုးရတို့ ရုန်းကန်နေကြရ

ဆိုးလ်၊ သြဂုတ်(၁၃) ကိုရီးယားကျွန်းဆွယ်မှာ တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်း ခါနွန်ကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား တို့မှာ မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး ပြုံယမ်းအစိုးရ အနေနဲ့ ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုတွေကို သတိပေးချက်အဖြစ် ကြေငြာထားပါတယ်။ မြောက်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်မှာ အဲဒီမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်း ငယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့တာပါ။ မုန်တိုင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားစစ်တပ်နဲ့ အာဏာရပါတီတို့ဟာလည်း မုန်တိုင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အကျိုးဆက်တွေနည်းပါရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့…

အီလွန်မက်စ်နဲ့ ဇူကာဘတ်တို့ရဲ့ထိုးသတ်ပွဲကို အိမ်အဖြစ်လက်ခံကျင်းပဖို့ အီတလီအသင့် ဖြစ်နေ

ရောမ – ဩဂုတ်(၁၃) တက်စလာသူဌေး အီလွန်မက်စ်နဲ့ Facebook ပိုင်ရှင် မက်ဇူကာလတ်တို့ရဲ့ ထိုးသတ်ပွဲကို အီတလီ မှာရှေ့ခေတ်ရောမအပြင်အဆင်နဲ့ ထင်ရှားတဲ့နေရာမှာ ကျင်းပသွားဖို့ရှိတယ်လို့ စီစဉ်သူတွေက ဩဂုတ်လ(၁၁) ရက်နေ့မှာ ပြောခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးက ကြီးကျယ်တဲ့ ရန်ပုံငွေပွဲနဲ့ သမိုင်းဝင် အမှတ်ရစေတဲ့ ပွဲကြီး အဖြစ် ဖော်ပြထားပြီး ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး မက်စ်နဲ့ စကားပြောထားတယ်လို့…

တရုတ်နဲ့ မိတ်ဖက်အဖြစ် တည်ဆောက်ရေးဟာ မလေးရှားရဲ့ အဓိကအစီအစဉ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြော

ကွာလာလမ်ပူ – ဩဂုတ်(၁၃) မလေးရှားနိုင်ငံရဲ့ အဓိက အစီအစဉ်တွေထဲမှာ တရုတ်နိုင်ငံနဲ့အတူအားကောင်းပြီး မဟာဗျူဟာ ကျတဲ့ မိတ်ဖက်တည်ဆောက်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ ပါဝင်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါ တယ်။ တရုတ်နဲ့ မလေးရှားရဲ့ ဆက်ဆံရေးဟာ အလွန်အားကောင်းတဲ့ အခြေအနေမှာရှိနေပြီး သာမန် သံခင်းတမန်ခင်း ဆက်ဆံရေးကနေ အားကောင်းပြီး မဟာဗျူဟာကျတဲ့ မိတ်ဖက်တွေဖြစ်နိုင်ဖို့ တိုးမြှင့်သွားမှာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှု၊ပညာရေးနဲ့ ဒေသန္တရ…