Thanlwintimes

တော်လှန်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ခေါခေါအပါအဝင်လူငယ်လေးဦး ထောင်ဆယ်နှစ် ကျော်ချခံရ

မြဝတီ – နိုဝင်ဘာ(၁၁) စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ကိုစိုးဝင်းနိုင်(ခ)ခေါခေါ အပါအဝင် လူငယ်(၄) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၁၀) နှစ်ကနေ အနှစ်(၂၀) ထိချမှတ် လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဲဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကိုခေါခေါ အပါအဝင်လူငယ်(၉) ဦးကို မြဝတီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် (၇) လအကြာမှာ…

ဟေတီမှာ ကာလဝမ်းရောဂါ ပျံ့နှံ့နေပြီး ၁၃၆ ဦး သေဆုံ

ဟေတီ၊ နိုဝင်ဘာ (၁၁) ဟေတီနိုင်ငံမှာ ကာလဝမ်းရောဂါ ပြန်လည်ဖြစ်ပွားမှုကြောင့် လူပေါင်း (၁၃၆) ဦး သေဆုံးခဲ့ကြောင်း ကာရေဘီယံ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကူးစက်ခံရသူ (၈၉) ဦးထဲမှာ အချို့ဟာ ဆေးရုံနဲ့ ကာလဝမ်းရောဂါ ကုသရေးဌာနတွေမှာ သေဆုံးခဲ့ပြီး သူတို့ ထဲက (၄၇) ဦးဟာ ၎င်းတို့ရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဟေတီကျန်းမာရေးဝန်ကြီးဌာနရဲ့…

တောင်ကိုရီးယားသမ္မတ အာဆီယံ နဲ့ G20 အစည်းအဝေးတက်ရောက်မယ်

ဆိုးလ်၊ နိုဝင်ဘာ (၁၁) တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောဟာ အခုလအတွင်း ကျင်းပမယ့် အာဆီယံအစည်းအဝေးနဲ့ စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပေါင်း ၂၀ အစည်းအဝေးတွေကို တက်ရောက်မယ်လို့ တောင်ကိုရီးယား အကြီးတန်း အုပ်ချုပ်ရေးအရာရှိ တစ်ဦးက ပြောပါတယ်။ တောင်ကိုရီးယားအစိုးရဟာ သမ္မတယွန်းနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အကြား နှစ်ဖက်တွေ့ဆုံ နိုင်ဖို့နဲ့ အမေရိကန်၊ ဂျပန်ပါဝင်တဲ့ သုံးပွင့်ဆိုင်အစည်းအဝေးတွေကို ကျင်းပသွားနိုင်ဖို့ စီစဉ်လျှက်ရှိတယ်လို့…

ယူကရိန်းမှာ ရုရှားစစ်သားတစ်သိန်းကျော်သေဆုံးထားတယ်လို့ အမေရိကန်ပြော

ဝါရှင်တန် – နိုဝင်ဘာ(၁၁) အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ယူကရိန်းမှာ ရုရှားတပ်ဖွဲ့ဝင် တစ်သိန်းကျော် သေဆုံးထားတယ်လို့ ခန့်မှန်းထားပြီး ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်း စစ်ပွဲအတွင်း အလားတူ အသေအပျောက်ရှိနိုင်တယ်လို့ ပြောပါတယ်။ ကိုးလနီးပါးကြာ ပဋိပက္ခမှာ အသေအပျောက်အများဆုံး ခန့်မှန်းချက်တွေနဲ့ တိုက်ပွဲတွေမှာ ယူကရိန်းနဲ့ ရုရှားတို့ ရင်ဆိုင်ရနိုင်ခြေရှိတဲ့ ဆောင်းရာသီမှာ ကြုံလာရမှာဖြစ်တဲ့အတွက် ညှိနှိုင်း မှုတွေ အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တယ်လို့ ကျွမ်းကျင်သူတွေက…

စာရေးဆရာအကြည်တော်ရဲ့ နောက်ဆုံးခရီး

ရန်ကုန် – နိုဝင်ဘာ(၁၁) ဟာသလုံးချင်းဝတ္ထုတွေရေးသားခဲ့တဲ့ စာရေးဆရာအကြည်တော် ကို ဒီနေ့ နိုဝင်ဘာလ(၁၁) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဂူသွင်းသင်္ဂြိုလ်ခဲ့ပါတယ်။ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၉) ရက်နေ့ ည(၈) နာရီခွဲက ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၅၁) နှစ်ရှိပြီဖြစ် တယ်လို့…

ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

ပုလော၊ နိုဝင်ဘာ (၁၁) တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ပုလောမြို့နယ် တပို့ကျေးရွာမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းကို ပုလောကရင်ပြည်သူ့ကာကွယ်ရေးတပ်(KPDF)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၉ ရက်နေ့မှာလည်း…

သထုံမြို့နယ်မှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး တိုက်ခိုက်ခံရလို့ သေဆုံး

သထုံ၊ နိုဝင်ဘာ (၁၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ပြည်သူတစ်ဦးကို ဖမ်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး အပါအဝင် ၃ ဦးသေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်းစိန်ကျေးရွာက…

စစ်အာဏာသိမ်း (၆၄၈) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၃၂ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၁) AAPP ရဲ့ နိုဝင်ဘာလ (၁၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၈)ရက်အတွင်း ပြည်သူ (၂၄၃၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၃၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ကယားပြည်နယ်ထဲက နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဝင်ခွင့်မပြုဘူးလို့ KNPP ပြော

လွိုင်ကော်၊ နိုဝင်ဘာ (၁၁) အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကယားပြည်နယ်ထဲက နိုင်ငံရေးပါတီတွေကို ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့်၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် မဲစာရင်းပြုတာ၊ လူဦးရေစာရင်း ကောက်ယူတာနဲ့ မဲရုံတည်နေရာ သတ်မှတ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင်…

ကျိုက်ထိုမြို့နယ်က ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ကျိုက်ထို၊ နိုဝင်ဘာ (၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကစပြီး တပ်အင်အား…