တောင်ကိုရီးယားသမ္မတ အာဆီယံ နဲ့ G20 အစည်းအဝေးတက်ရောက်မယ်

ဆိုးလ်၊ နိုဝင်ဘာ (၁၁)

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောဟာ အခုလအတွင်း ကျင်းပမယ့် အာဆီယံအစည်းအဝေးနဲ့ စက်မှု လုပ်ငန်းဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပေါင်း ၂၀  အစည်းအဝေးတွေကို တက်ရောက်မယ်လို့  တောင်ကိုရီးယား အကြီးတန်း အုပ်ချုပ်ရေးအရာရှိ တစ်ဦးက ပြောပါတယ်။

တောင်ကိုရီးယားအစိုးရဟာ သမ္မတယွန်းနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အကြား နှစ်ဖက်တွေ့ဆုံ နိုင်ဖို့နဲ့ အမေရိကန်၊ ဂျပန်ပါဝင်တဲ့ သုံးပွင့်ဆိုင်အစည်းအဝေးတွေကို ကျင်းပသွားနိုင်ဖို့ စီစဉ်လျှက်ရှိတယ်လို့ တောင်ကို ရီးယားရဲ့ ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြထားတာပါ။

သမ္မတယွန်းရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ကင်ဆူဟန် က “အာဆီယံနဲ့   G20 အစည်းအဝေး ရှိမယ့် အချိန်မှာ အဓိကနိုင်ငံတွေနဲ့လည်း ထိပ်သီးဆွေးနွေးပွဲတွေကျင်းပနိုင်ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” လို့ ဆိုပါတယ်။ 

ယွန်ဟပ်သတင်းဌာနရဲ့ ပြောကြားချက်ထဲမှာတော့ သမ္မတယွန်းနဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါတို့အကြား နှစ်ဦးတည်းတွေ့ဆုံနိုင်ရန်လည်း  ဆုံးဖြတ်ထားတယ်လို့ ပါရှိပြီး သူတို့နှစ်ဦးဟာ စက်တင်ဘာမှာ နောက်ဆုံး တွေ့ဆုံထားခဲ့တာပါ။

မေလအတွင်း အာဏာရလာခဲ့တဲ့ တောင်ကိုရီးယားသမ္မတယွန်းဟာ တိုကျိုနဲ့ဆက်ဆံရေးကို တိုးမြှင့်ဖို့အတွက် လိုလားနေချိန် နှစ်နိုင်ငံလုံးအနေနဲ့ မြောက်ကိုရီးယားရဲ့  နျူကလီယား ဒုံးကျည် စမ်းသပ်ပစ်လွှတ် ခြိမ်းခြောက် မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တွေဆုံမှုကိုမူ နယူးရောက်မြို့ရှိ ကုလ အထွေထွေညီလာခံပြင်ပမှာ  တွေ့ဆုံခဲ့ ကြတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကတည်းဆိုလျှင် ဂျပန်နဲ့ တောင်ကိုရီးယားအကြား ပထမဦးဆုံးသော တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.