ဟေတီမှာ ကာလဝမ်းရောဂါ ပျံ့နှံ့နေပြီး ၁၃၆ ဦး သေဆုံ

ဟေတီ၊ နိုဝင်ဘာ (၁၁)

ဟေတီနိုင်ငံမှာ ကာလဝမ်းရောဂါ ပြန်လည်ဖြစ်ပွားမှုကြောင့် လူပေါင်း (၁၃၆) ဦး သေဆုံးခဲ့ကြောင်း ကာရေဘီယံ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကူးစက်ခံရသူ (၈၉) ဦးထဲမှာ အချို့ဟာ ဆေးရုံနဲ့ ကာလဝမ်းရောဂါ ကုသရေးဌာနတွေမှာ သေဆုံးခဲ့ပြီး သူတို့ ထဲက (၄၇) ဦးဟာ ၎င်းတို့ရဲ့နေအိမ်မှာပဲ  သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဟေတီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဟေတီအစိုးရက အခုရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့အတွက် နိုင်ငံတကာ ကျန်းမာ ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုထားပါတယ်။

“ကျွန်တော်တို့က တစ်ရက်ကို လူ ၂၅၀ လက်ခံတာ မကြာသေးဘူး။ မြို့တော်နယ်နိမိတ် အများစုမှာတော့ ဖြစ်ပွားမှုတွေ မြင့်တက်လာတယ်။ ကျွန်တော်တို့ရဲ့ ကာလဝမ်းရောဂါကုသရေးဌာနမှာတော့ ကုတင် ၃၅၀ ဘဲရှိတာကြောင့် ဒါ အလွန်စိတ်ပူစရာပါ” လို့ ဆေးဘက်ဆိုင်ရာ NGO အဖွဲ့ရဲ့ ဆက်သွယ်ရေးအရာရှိ အလက်ဇန်းဒါးက CNN ကို ပြောပြခဲ့ပါတယ်။

ဘေးကင်းတဲ့ သောက်သုံးရေ ပြတ်လပ်မှု၊ သန့်ရှင်းရေးလုပ်ဖို့ ရေမလုံလောက်တဲ့ ဒေသတွေမှာ နေထိုင် သူတွေဟာ ဘက်တီးရီးယားပါတဲ့ ညစ်ညမ်းတဲ့အစားအစာ ဒါမှမဟုတ် ရေကို သောက်သုံးမိတာကြောင့် ကာလဝမ်းရောဂါ ဖြစ်နေတာလို့လည်း ပြောပါတယ်။

ကာကွယ်ဆေးတွေရှိနေပြီး ရောဂါလက္ခဏာတွေကို လွယ်ကူစွာ ကုသနိုင်ပေမယ့်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အဆိုအရ ကာလဝမ်းရောဂါဟာ ဖွံ့ဖြိုးဆဲကမ္ဘာမှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဆိုးရွားတဲ့ လူသတ်သမားအဖြစ် ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

အလန်ဇန်းဒါးရဲ့ ပြောကြားချက်အရ ဗိုင်းရပ်စ်ဟာ နိုင်ငံရဲ့ဝေးလံတဲ့ ဒေသတွေမှာ ပျံ့နှံ့နေပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမီဖို့နဲ့ စောင့်ကြည့်နိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိ အကျပ်အတည်းကြောင့် ဒီနေရာတွေဟာ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်သိဖို့ ပိုခက် ပါတယ်။ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်ဆိုတာ သိသာပါတယ်” လို့ သူက ပြောပါ သေးတယ်။

ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဝမ်းရောဂါဖြစ်ပွားမှုဟာ အခုနှစ်အထိပါ ဆက်ရှိနေတာဖြစ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်း မှု ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတစ်ခုမှ လူတွေအထိပါ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့သွားခဲ့တာဖြစ်ပါ တယ်။  

ဟေတီနိုင်ငံမှာ  ၂၀၁၀ ခုနှစ်မှာ ဝမ်းရောဂါပျံ့နှံ့ခဲ့ပြီး အဲဒီအချိန်တုန်းက ရောဂါဖြစ်ပွားမှုအနေနဲ့ လူဦးရေ(၈) သိန်းကို ကူးစက်ခဲ့ပါတယ်။ အနည်းဆုံး လူပေါင်း ၁၀၀၀၀ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ဒုက္ခသည်တွေအတွက် ငွေကြေးလျော်ကြေးပေးဖို့ တောင်းဆိုခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.