Thanlwintimes

မွန်ပြည်နယ်က အဝေးပြေးယာဉ်လိုင်းအများစု မကြာမီကာလအတွင်း ပြိုလဲလာနိုင်

မော်လမြိုင်၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ အထွေထွေအကျပ်အတည်းတွေကြောင့် မကြာမီကာလအတွင်း ပြိုလဲလာနိုင်တယ်လို့ အဝေးပြေးယာဉ်ပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ခရီးသည်နဲ့ ကုန်ပစ္စည်း ရရှိမှု သိသိသာသာ ကျဆင်းလာတဲ့အတွက် ဆက်လက် ရပ်တည်ဖို့ အခက် ကြုံနေရတာပါ။ ဒါ့အပြင် အဝေးပြေးယာဉ်လိုင်းတွေဟာ…

သထုံမှာ ဒုတပ်ရင်းမှူး သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်မွှေနေလို့ ဒေသခံတွေ ထွက်ပြေးနေရ

သထုံ၊ နိုဝင်ဘာ (၁၂) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်း ဝင်မွှေနေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်းစိန်ကျေးရွာ ဒေသခံတစ်ဦးကို…

မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ တိုက်ပွဲရှောင်လွှဲဖို့သာ ဖြစ်

မော်လမြိုင်၊ နိုဝင်ဘာ (၁၂) မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ တိုက်ပွဲ ရှောင်လွှဲဖို့သာ ဖြစ်ပြီး တိုက်ပွဲရှောင်လွှဲချင်ရင် တခြားနည်းလမ်း စဉ်းစားသင့်တယ်လို့ တိုင်းရင်းသားအရေးလေ့လာသုံး သပ်သူတွေက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီဟာ မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်တွေ ကန့်ကွက်နေတဲ့ကြားက ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ နေပြည်တော်မှာ တတိ…

ကယားပြည်နယ်မှာ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ

လွိုင်ကော်၊ နိုဝင်ဘာ (၁၂) နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်မှာ နိုဝင်ဘာ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သား (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁) ရက်နေ့က လွိုင်ကော်မြို့နယ် လင်ဖုံကြီးနဲ့ဝမ်ပန်ကျေးရွာမှာ လက်နက်ကြီး…

မင်းတပ်မှာ စစ်ကောင်စီမီးရှို့သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ရှိ

မင်းတပ် – နိုဝင်ဘာ(၁၁) ချင်းပြည်နယ် မင်းတပ်မြို့ ပလုံတွီရွာမှာ စစ်ကောင်စီက မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း တွေကို တွေ့ရှိခဲ့ရတယ်လို့ Chin Defence Force (Mindat) ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၀) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ ပလုံတွီကျေးရွာကနေ ဆုတ်ခွာသွား ချိန်မှာ CDF-Mindat က နယ်မြေရှင်းလင်းရေးလုပ်ချိန် မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာပါ။ မီးရှို့ခံထားရတဲ့…

တော်လှန်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ခေါခေါအပါအဝင်လူငယ်လေးဦး ထောင်ဆယ်နှစ် ကျော်ချခံ

ရမြဝတီ – နိုဝင်ဘာ(၁၁) စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ကိုစိုးဝင်းနိုင်(ခ)ခေါခေါ အပါအဝင် လူငယ်(၄) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၁၀) နှစ်ကနေ အနှစ်(၂၀) ထိချမှတ် လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဲဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကိုခေါခေါ အပါအဝင်လူငယ်(၉) ဦးကို မြဝတီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် (၇) လအကြာမှာ…

စာရေးဆရာအကြည်တော်ရဲ့ နောက်ဆုံးခရီး

ရန်ကုန် – နိုဝင်ဘာ(၁၁) ဟာသလုံးချင်းဝတ္ထုတွေရေးသားခဲ့တဲ့ စာရေးဆရာအကြည်တော် ကို ဒီနေ့ နိုဝင်ဘာလ(၁၁) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ဂူသွင်းသင်္ဂြိုလ်ခဲ့ပါတယ်။ စာရေးဆရာ အကြည်တော် (ခ) စောကြည်ဖြူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၉) ရက်နေ့ ည(၈) နာရီခွဲက ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၅၁) နှစ်ရှိပြီဖြစ် တယ်လို့…

ကာရာဘောင်းဖလားပြိုင်ပွဲမှာ မန်စီးတီးနဲ့ လီဗာပူးလ် ထိပ်တိုက်တွေ့ဆုံ

မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၁) ရက်အင်္ဂလန်ပြည်တွင်းလိဂ်ဖလား တစ်ခုဖြစ်တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ မန်စီးတီးနဲ့ လီဗာပူးလ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး မန်ယူအသင်းကတော့ ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ကစားပြီးသွားတဲ့ ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ တတိယအဆင့်အပြီးမှာတော့ စတုတ္ထအဆင့်ပြိုင်ပွဲအတွက် မဲနှိုက်ရွေးချယ်ခဲ့တာပါ။ မဲနှိုက်မှုအပြီးမှာတော့ တတိယအဆင့်မှာ ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းဟာ စတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းနဲ့ ထပ်မံ…

တော်လှန်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ခေါခေါအပါအဝင်လူငယ်လေးဦး ထောင်ဆယ်နှစ် ကျော်ချခံရ

မြဝတီ – နိုဝင်ဘာ(၁၁) စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ လူသိများတဲ့ ကိုစိုးဝင်းနိုင်(ခ)ခေါခေါ အပါအဝင် လူငယ်(၄) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၁၀) နှစ်ကနေ အနှစ်(၂၀) ထိချမှတ် လိုက်တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဲဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ကိုခေါခေါ အပါအဝင်လူငယ်(၉) ဦးကို မြဝတီမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် (၇) လအကြာမှာ…