Thanlwintimes

စစ်အာဏာရှင်တော်လှန်ရေး ပြည်ကြီးတံခွန်ညသပိတ်

မန္တလေး – ဩဂုတ်(၁၃) ဒီနေ့ ဩဂုတ်လ(၁၃) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

“မျိုးဆက်သစ်ရဲ့အားနဲ့မာန် ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ရန်”

ယင်းမာပင် -ဩဂုတ်(၁၃) ဒီနေ့ဩဂုတ်လ (၁၃) ရက်နေ့ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ဦးဆောင်ပြီး “မျိုးဆက်သစ်ရဲ့ အားနဲ့မာန် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ရန်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

မြဝတီမှာ ငွေလဲလုပ်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ

မြဝတီ ၊ သြဂုတ် (၁၃) ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)တံတားအနီး ကြံလင်းလမ်းထိပ်နဲ့အနီးတစ်ဝိုက်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သြဂုတ် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ထိုင်းဘတ်ငွေလဲ လုပ်ငန်းလုပ်ကိုင်သူတွေကို လိုက်လံ ဖမ်းဆီးခဲ့တာ…

လောင်စာဆီနှင့် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် ခြေလှမ်းသစ်များ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ကတိပြုခဲ့

တိုကျို ၊ သြဂုတ် (၁၃) စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို တွန်းလှန်ဖို့အတွက်။ နောက်ထပ်အစီအမံများ ချမှတ်ဆောင်ရွက်ကြဖို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူရဲ့ အစိုးရကို ဩဂုတ်လ (၁၂)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်လီရောင်းချသူတွေနဲ့ အိမ်ထောင်စုတွေရဲ့ နေထိုင်မှုစရိတ်စကတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အစီအမံများအား တနင်္လာနေ့မှာပြုလုပ်မယ့် အစိုးရအစည်းအဝေးတစ်ခုမှာ ဆွေးနွေးပြီး ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း…

သီရိလင်္ကာ ဖြုတ်ချခံသမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာ ထိုင်းနိုင်ငံကိုရောက်ရှိလာ

ဘန်ကောက် – ဩဂုတ်(၁၃) သီရိလင်္ကာ ဖြုတ်ချခံသမ္မတ ဂိုတာဘရာ ရာဂျာပက်ဆာဟာ နိုင်ငံက ထွက်ပြေးပြီးနောက် အရှေ့တောင်အာရှမှာ ယာယီခိုလှုံနေထိုင်ဖို့ ဒုတိယနိုင်ငံအဖြစ် ထိုင်းနိုင်ငံကိုဩဂုတ်လ (၁၁) ရက်နေ့မှာ ရောက်ရှိလာတယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြထားပါတယ်။ မစ္စတာ ဂိုတာဘရာဟာ စင်္ကာပူနိုင်ငံ Seletar လေဆိပ်ကနေ ထိုင်းဒွန်မောင်းလေဆိပ်ကိုည(၈) နာရီမှာ ရောက်ရှိလာခဲ့တာပါ။ ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူတွေဟာ သမ္မတအိမ်တော်နဲ့…

ယူကရိန်း နျူကလီးယားစက်ရုံတိုက်ခိုက်ခံရ မှုတွေကြောင့် စစ်မဲ့ဇုန်သတ်မှတ်ဖို့ ကုလသမဂ္ဂ တောင်းဆို

ကီးယက်- ဩဂုတ်(၁၃) ရုရှားနဲ့ ယူကရိန်းတို့က ဥရောပ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ပစ်ခတ်တိုက် ခိုက်ပြီး တစ်ဘက်နဲ့တစ်ဘက် စွပ်စွဲနေတဲ့အတွက် ကပ်ဘေးဖြစ်လာမှာကို စိုးရိမ်နေလို့ စစ်မဲ့ဇုန် အဖြစ် ယူကရိန်းနိုင်ငံမှာ တပ်စွဲထားတဲ့ ရုရှားစစ်တပ်ဆုတ်ခွာပေးဖို့ တောင်းဆိုထားတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။ ယူကရိန်းနိုင်ငံအလယ်ပိုင်းက ဇာပိုရီဇီဇီယာ နျူကလီးယားအဆောက်အုံရဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေသိုလှောင်ရာ အနီးအပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်းက ငါးကြိမ်တိုင်တိုင်တိုက်ခိုက်ခံခဲ့ရတယ်လို့ ယူကရိန်း…