မုန်းမြို့နယ်မှာ ကျေးရွာတွေထဲ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်နေလို့ ဒေသခံတွေ ထပ်မံထွက်ပြေးနေရ
ညောင်လေးပင် ၊ သြဂုတ် (၁၄) ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ် သစ်ချဆိပ်၊ နိုခိုထံ၊ ကျွဲလူးဒင်နဲ့ အောတဃောကျေးရွာတွေထဲ လက်နက်ကြီး ၁၅ ချက် ပစ်ခတ်ခဲ့သလို ဩဂုတ်…
