Thanlwintimes

အောင်ပွဲဆိုတာ တိုက်ရဲတဲ့သူတွေအတွက်ဖြစ်တယ်

ယင်းမာပင် – ဩဂုတ်(၁၅) ဒီနေ့ ဩဂုတ်လ(၁၅) ရက်နေ့ မနက်ပိုင်းက ရွေရေကြည်သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး “အောင်ပွဲဆိုတာ တိုက်ရဲတဲ့ သူတွေအတွက်ဖြစ်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်တွေနဲ့ မန္တလေး မြို့သပိတ်တက်ကြွလှုပ်ရှားတွေပဲ ပူးပေါင်းဝန်းရံပြီး သပိတ်တရားဟော ပြောခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်စစ်ကြောင်းထိုးမှုတွေနဲ့ ပြည်သူတွေကို…

“အမှောင်ကျနေတဲ့ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ “

ယင်းမာပင် -ဩဂုတ်(၁၄) ဒီနေ့ ဩဂုတ်လ (၁၄) ရက်နေ့ ညနေပိုင်းညကချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ဦးဆောင်ပြီး အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ ဆိုတဲ့ခေါင်းစဉ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

လူထုအုံကြွတော်လှန်ကြ

ရန်ကုန် – ဩဂုတ်(၁၄) ဒီနေ့ ဩဂုတ်လ (၁၄) ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က ဦးဆောင်ပြီး လူထုအုံကြွတော်လှန်ကြဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်တွေကိုမဖမ်းနိုင်ရင် သပိတ်လှုပ်ရှားခဲ့တဲ့ အနီးတဝိုက်မှာ ကျန်ခဲ့တဲ့ ပြည်သူတွေ၊လူငယ်တွေကို မတရားဖမ်းဆီး နှိပ်စက် ပြီး ပစ္စည်းတွေလုယက်ခြိမ်းခြောက်ငွေတောင်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဝန်ချတောင်းပန်ခဲ့ကြပါတယ်။ ရန်ကုန်သပိတ်အင်အားစုတွေအနေနဲ့လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်မှုနည်းနာတွေကို စဉ်ဆက်မပြတ်…

NUG ဝန်ကြီးချုပ်က တောင်ပိုင်း စစ်ဒေသအတွင်းတာဝန်ထမ်းဆောင်နေသူတွေကို အားပေး

မော်လမြိုင် – ဩဂုတ်(၁၄) အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက ရဲဘော်တွေကို တွေ့ဆုံပြိး အားပေးစကားပြောခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၄) ရက်နေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တာဖြစ်ပြီး ရဲဘော်တွေကို လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ကြိုးစားဆောင်ရွက်နေတဲ့ အခြေအနေတိုးတက်မှုတွေနဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် ရှေ့ဆက်လုပ်မယ့် အစီအစဉ် တွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။ တွေ့ဆုံပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေး…

မြောက်ကိုရီးယားသည် ကိုဗစ်အောင်ပွဲဟု ကြေငြာပြီးနောက် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် အခြားသောကန့်သတ်ချက်များကို ရုတ်သိမ်းကြောင်း ထုတ်ပြန်

ပြုံးယမ်း ၊ သြဂုတ် (၁၄) မြောက်ကိုးရီးယား ခေါင်းဆောင်ကင်ဂျုံအန်းမှ ကိုဗစ်အောင်ပွဲလို့ ကြေငြာပြီး ရက်အနည်းငယ်အကြာ ဩဂုတ်လ ၁၃ ရက်‌နေ့မှာ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် အခြားသော ကိုဗစ်ဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံအတွင်း ကိုဗစ်ဖြစ်ပွားမှုကို ဆိုးလ်ကြောင့်လို့ အပြစ်တင်ခဲ့ပြီး လိုအပ်ပါက တောင်ကိုရီးယားအာဏာပိုင်တွေကို ရှင်းလင်းပစ်မယ်လို့ ခြိမ်းခြောက်ကြေငြာချက်တစ်ရပ်အား ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကြေငြာချက် ထပ်မံ…

ပိုင်ဆိုင်မှုတွေ သိမ်းဆည်းမယ်ဆိုရင် ရုရှား-အမေရိကန်ဆက်ဆံရေး အဆုံးသတ်မှာဖြစ်တယ်လို့ မော်စကို သတိပေး

မော်စကို – ဩဂုတ်(၁၄) ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က သိမ်းယူမယ်ဆိုရင် ဝါရှင်တန်နဲ့ မော်စကိုတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို လုံးလုံးလျားလျား ပျက်ပြားသွားစေလိမ့်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မြောက်အမေရိကဌာနအကြီးအကဲရဲ့ ပြောဆိုမှုကို ကိုးကားပြီး TASS သတင်းဌာန ကဖော်ပြထားပါတယ်။ ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ်ပြီး နောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့…

ရှီကျင်ဖျင်နဲ့ ဘိုင်ဒန်တို့ ကြားလူချင်းတွေ့ဆုံမှုတစ်ခု ကျင်းပသွားမယ်လို့ Wall Street Journal မှာဖော်ပြ

ပေကျင်း – ဩဂုတ်(၁၄) နိုင်ဝင်ဘာလအတွင်းမှာအရှေ့တောင်အာရှနိုင်ငံတွေကို တရုတ်သမ္မတ ရှီကျင်ဖျင်သွားရောက်ဖို့ ရှိပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံသွားမယ့် အစည်းအဝေးတစ်ရပ်လည်း ပါဝင်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ Wall Street Journal က အစီရင်ခံ ထားပါတယ်။ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနဲ့ တခြားသော ကိစ္စရပ်တွေကြောင့် တင်မာမှုတွေရှိနေတဲ့ အခြေ အနေ တွေလျောပါးသက်သာစေဖို့ ခေါင်းဆောင်နှစ်ဦး ကြား…

နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်မှုဟာ ဥပဒေနဲ့ မကိုက်ညီဘူးလို့ နိုင်ငံရေးပါတီတွေ ဝေဖန်

ရန်ကုန် ၊ သြဂုတ် (၁၄) အာဏာသိမ်း စစ်ကောင်စီ ကော်မရှင်က နိုင်ငံရေးပါတီတွေကို နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်မှုဟာ ဥပဒေနဲ့ မကိုက်ညီသလို နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ဝေဖန်လိုက်ပါတယ်။ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် ကော်မရှင်ကို…

အာဏာသိမ်းမှုကြောင့် မသန်စွမ်းတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း အားလုံးနီးပါး ရပ်တန့်

မော်လမြိုင် ၊ သြဂုတ် (၁၄) မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း မသန်စွမ်းသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း အားလုံး နီးပါး ရပ်တန့်သွားပြီးလို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သုတေသနစစ်တမ်းတွေအရ နိုင်ငံရဲ့ မသန်စွမ်းသူ ၁၅ ရာခိုင်နှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြတာပါ။ ဒါပေမယ့် မသန်စွမ်းသူတွေဟာ စစ်တပ်…

အိန္ဒိယ ဝယ်လိုအားကြောင့် မတ်ပဲနဲ့ ပဲစဉ်းငုံ ဈေးနှုန်း ဆက်လက် မြင့်တက်နေ

မော်လမြိုင် ၊ သြဂုတ် (၁၄) ပြည်တွင်းက မတ်ပဲနဲ့ ပဲစဉ်းငုံ လက်ကျန်တွေကို အိန္ဒိယနိုင်ငံက ဝယ်လိုအားမြင့်တက်လာတဲ့အတွက် မတ်ပဲနဲ့ ပဲစဉ်းငုံ ဈေးနှုန်း ဆက်လက်မြင့်တက်လာတယ်လို့ ပဲ၊နှမ်း ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် နှစ်သိန်းခွဲနဲ့ ပဲစင်းငုံ တန်ချိန် တစ်သိန်းတို့ကို လက်ရှိ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ…