NUG အမှတ်(၁) စစ်ဒေသမှာ တစ်လအတွင်းတိုက်ပွဲပေါင်း အကြိမ် (၄၀၀) ကျော်ဖြစ်ပွား
စစ်ကိုင်း- ဧပြီ(၄) အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ တိုက်ပွဲပေါင်း (၄၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၆၄၉) ဦးသေဆုံးကာ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေလို့ ဖော်ပြထားတာပါ။ တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF၊ပ.က.ဖနဲ့ EROsပူးပေါင်း အဖွဲ့တွေတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့…
