ရုရှား ကမ်းလွန်က ငလျင်ကြီးကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ပြီး ဂျပန်နဲ့အမေရိကန်မှာ လူအများ ဘေးလွတ်ရာ ပြောင်း

ခမ်ချက်ကာ၊ ဇူလိုင် ၃၀ ရုရှား အရှေ့ဖက်စွန်း ကမ်ချက်ကာကျွန်းဆွယ်အလွန်မှာ မဂ္ဂနီကျု ၈ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာ တဝန်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ပြီး ဂျပန်၊ ဟာဝိုင်ယီနဲ့ အမေရိကန် အနောက်ဖက် ကမ်းရိုးတန်းဒေသ တချို့မှာ ဘေးကင်းရာသို့ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဂျပန်မြောက်ပိုင်း ဟော်ကိုင်းဒိုးကျွန်းမှာ ၁၂…

စစ်အာဏာသိမ်း (၁၆၄၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၀၁၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင် ၃၀ AAPP ရဲ့ ဇူလိုင်၂၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၄၀) ရက်အတွင်း ပြည်သူ (၇၀၁၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၄၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၂၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ပေါက်ကြားရင် သေဒဏ်အထိချမှတ်မယ့်ဥပဒေ စစ်ကောင်စီ ပြဌာန်း

နေပြည်တော် ၊ ဇူလိုင် ၃၀ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို တိုက်စစ်ဆင်ပြီး ရရှိလာတဲ့ စစ်ကောင်စီက သေဒဏ်အထိ ချမှတ်မယ့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို ဇူလိုင် ၂၈ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စစ်ကောင်စီဥက္ကဌ အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဘယ်သူမဆို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေထဲက…

မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေ သောက်ရေသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

ဘီးလင်း ၊ ဇူလိုင် ၃၀ မွန်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ဒေသတွေမှာ သောက်ရေသန့်၊စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လတ်တလော ရေကြီးရေလျှံမှုကို မွန်ပြည်နယ်ရဲ့ ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်တို့မှာ ဖြစ်ပွားနေပြီး အဲဒီထဲမှာ ဘီးလင်းမြို့နယ်ဟာ ရေကြီးရေလျှံမှုဒဏ်ကို အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။…

ပုလောတိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ခရီးသွားတွေနဲ့ဒေသခံတွေကို စစ်ကောင်စီထွက်ခွာခွင့်မပြု

ပုလော၊ ဇူလိုင် ၃၀ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေကို စစ်ကောင်စီဘက်က ထွက်ခွာခွင့်မပြုဘဲ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစလို့ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမအနီးက ကျေးရွာတွေနဲ့ပလမြို့အနီး ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွားနေတာပါ။…

ကရင်ပြည်နယ်မှာ ရေကြီးမှုကြောင့် လူပေါင်းနှစ်သောင်းကျော် ပြောင်းရွှေ့ထားရ

ဘားအံ၊ ဇူလိုင် ၃၀ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းဆီ ရေဘေးသင့်ပြည်သူ အနည်းဆုံး ၂၀၀၀၀ ဝန်းကျင် ရွှေ့ပြောင်းနေထိုင်ရပြီး သောက်ရေသန့် ၊ စားနပ်ရိက္ခာ စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ ဇူလိုင် ၂၉ ရက်နေ့မှာ မြေနိမ့်ပိုင်းရပ်ကွက်တွေထဲကို ရေထပ်မံဝင် ရောက်လာနေပြီး ရေဘေးသင့်ပြည်သူတွေဟာ…

ယူကရိန်း အပစ်အခတ်ရပ်စဲရေး ၁၂ ရက်အတွင်း ပူတင် သဘောတူရမယ်လို့ ထရန့် ပြော

ဧဒင်ဘာ့ဂ်၊ ဇူလိုင် ၂၉ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ ရုရှားအတွက် နောက်ဆုံး သတ်မှတ်ချိန်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လျှော့ချလိုက်ပြီး ဇူလိုင် ၂၈ ရက်ကစလို့ ၁၀ ရက် ဒါမှမဟုတ် ၁၂ ရက်အတွင်း သဘောတူညီရမယ်လို့ ပြောပါတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှု တိုးတက်မှု တစ်စုံတစ်ရာ မရှိတာကြောင့် စောင့်နေစရာအကြောင်း…

အပစ်ရပ် သဘောတူညီမှု ချိုးဖောက်တယ်ဆိုတဲ့ ထိုင်းရဲ့ စွပ်စွဲချက် ကမ္ဘောဒီးယား ပယ်ချ

ဖနွမ်းပင်၊ ဇူလိုင် ၂၉ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ရည်ရွယ်တဲ့ သဘောတူညီမှု ရယူထားပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းစစ်တပ်က ပြောလိုက်ပြီး တစ်နာရီ သက်တမ်းရှိ အပစ်ရပ် သဘောတူညီမှုကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ဇူလိုင် ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်ဒေသမှာမှ အပြန်အလှန် တိုက်ခိုက်မှုတွေ…

မိုးကုတ်မြို့ စစ်တပ်ဗုံးကြဲမှု အရပ်သားလေးဦး သေဆုံး

မိုးကုတ်၊ ဇူလိုင် ၂၉ မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အရပ်သား လေးဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ရှိ ရပ်ကွက် သုံးခုကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး သုံးလုံး၊ ပေါင်…

ဘီးလင်း ရေကြီးမှုကြောင့် ရေဘေးသင့်သူ သုံးသောင်းကျော်အထိ တိုးလာ

ဘီးလင်း၊ ဇူလိုင် ၂၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် ရေဘေးသင့်သူ သုံးသောင်းကျော်အထိ တိုးလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။ မိုးဇလရဲ့ ဇူလိုင် ၂၉ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာကနေ ၁၀၆၉ စင်တီမီတာအထိ ကျော်လွန်မြင့်တက်လာတဲ့အတွက်…