2026

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ပါတီတွေရဲ့ မဲဆွယ်မှု ဘယ်လိုရှိနေလဲ

မော်လမြိုင် ၊ ဇန်နဝါရီ ၂ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ မှာပါဝင်တဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတာပါ။ စစ်ကော်မရှင်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ အပိုင်း ၂ ကို မွန် ပြည်နယ်အတွင်းရှိ…

ဒုတိယစာမျက်နှာ ဆက်သွားမယ်လို့ စစ်ခေါင်းဆောင်ကပြောပြီး NUG ကလည်း ပြည်သူ့နှလုံး သိမ်းကြုံးနိုင်ရေး တိုက်တွန်း

မော်လမြိုင် ၊ ဇန်နဝါရီ ၂ အာဏာသိမ်းမှု ငါးနှစ်နီးပါးရောက်ရှိလာချိန်မှာ စစ်ခေါင်းဆောင်က ဒုတိယစာမျက်နှာ ဆက်သွားမယ်လို့ ပြောပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်သူ့နှလုံး သိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေဖြစ်အောင် အားထုတ်ဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံရေးတရားဝင်မှုရဖို့ ကြိုးပမ်းလုပ်ဆောင်ရဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ ကျင်းပပြီးစီးခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ…

BGF ကနေ KNA ပြောင်းလဲမှုကြောင့် ဘားအံမြို့မှာ စစ်တပ်အရေးပေါ်တပ်လှန့်ထား

ဘားအံ၊ ဇန်နဝါရီ ၂ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က လုံခြုံရေးတိုးမြင့်ချထားပြီး အရေးပေါ်တပ်လှန့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး BGF က တပ်ရင်းတပ်ဖွဲ့တွေအများစုမှာ KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုက်ပြီး ဒီလိုပြောင်းလဲတပ်ဆင်အသုံးပြုတဲ့အပေါ်…

ရွေးကောက်ပွဲအပြီး ပွင့်ဖြူမှာ စစ်ကော်မရှင်လက်အောက်ခံတွေက ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေ

မကွေး ဇန်နဝါရီ ၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က စစ်ကော်မရှင်လက်အောက်ခံတွေဟာ ဒေသခံတွေကို ရွေးကောက်ပွဲအပြီး မှာ ဆက်တိုက်ဖမ်းဆီးတာနဲ့ စျေးဝယ်လမ်းကြောင်း ပိတ်ဆို့တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်​ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပြီးဆုံးတာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်ကစလို့ ဒေသခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့…

သထုံမှာ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦး အလင်းဝင်

သထုံ၊ ဇန်နဝါရီ ၁ မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်း တပ်သား နှစ်ဦး အလင်းဝင်လာတယ်လို့ တပင်ရွေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ အလင်းဝင်လာသူတွေဟာ သထုံဒေသခံတွေဖြစ်တဲ့ အသက် ၂၃ နှစ် အရွယ် အောင်သက်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် ကျော်မင်းစိုးတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မွန်ပြည်နယ်…

ဘုတ်ပြင်းမှာ စစ်တပ် သုံးရက်ဆက် တိုက်ခိုက်ခံရလို့ အရာရှိအပါအဝင် ၈ ဦးသေဆုံး

ဘုတ်ပြင်း၊ ဇန်နဝါရီ ၁ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့မှာ စစ်ကော်မရှင်တပ် သုံးရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်းမှာ ရွေးကောက်ပွဲလုံခြုံရေးအတွက် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို…

ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အာဆီယံ စောင့်ကြည့်မယ်လို့ မလေးရှား ပြော

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁ ရွေးကောက်ပွဲ ပထမအသုတ် ကျင်းပပြီးနောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို အာဆီယံက လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က ပြောပါတယ်။ အာဆီယံအနေနဲ့ အဖွဲ့အစည်း တစ်ခုခုကို အချိန်မတိုင်ခင် တရားဝင် အသိအမှတ်ပြုရာ ရောက်စေမယ့် လုပ်ရပ်မျိုးကိုလည်း ရှောင်ရှားသွားမှာ ဖြစ်ကြောင်း သူက ဆိုပါတယ်။ စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့…

အချုပ်အခြာ အာဏာကို ကာကွယ်မယ်လို့ ထိုင်ဝမ် သမ္မတ ကြွေးကြော်

တိုင်ပေ၊ ဇန်နဝါရီ ၁ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီက မိမိတို့အနေနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ပြီး ကာကွယ်ရေး အင်အား အားပိုကောင်းလာအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားကြောင်း ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။ ဘေဂျင်းအစိုးရက ထိုင်ဝမ်တဝိုက် ၅ နေရာမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ထိုင်ဝမ်ဖက်သို့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက်မှာ လိုင်ချင်းတီက အခုလိုမျိုး…

အမေရိကန် မြို့ တချို့ရှိ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို ရုတ်သိမ်းမယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၁ ချီကာဂိုနဲ့ လော့စ်အိန်ဂျယ်လိစ်တို့အပါအဝင် အမေရိကန်ရဲ့ မြို့ တချို့မှာရှိတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ ရဲလုပ်ငန်းတွေအတွက် စစ်သားတွေ အသုံးပြုမှုနဲ့ပတ်သက်လို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း နိုင်ငံတော်တရားရုံးက လျှော့ချလိုက်ပြီးနောက် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပိုအားကောင်းတဲ့…

ထိုင်ဝမ်ကို ပြန်လည်ရယူမယ်လို့ ရှီကျင့်ဖျင် ထပ်မံ ကတိပြု

ဘေဂျင်း၊ ဇန်နဝါရီ ၁ တရုတ်သမ္မတ ရှီကျင့်ဖျင်က မှတ်ဉာဏ်တုနဲ့လျှပ်တစ်ပိုင်းကူး ပစ္စည်းတို့လို နည်းပညာ လုပ်ငန်းနယ်ပယ်မှာ တရုတ်နိုင်ငံ တိုးတက်လာမှုကို ဒီဇင်ဘာ ၃၁ ရက်မှာ ချီးကျူးလိုက်ပြီး ထိုင်ဝမ်ကို သိမ်းပိုက်မယ်လို့ ထပ်မံ ကတိပြုလိုက်ပါတယ်။ နိုင်ငံပိုင် မီဒီယာက ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းမှာ ထုတ်ခွင့်ခဲ့တဲ့ နှစ်သစ်ကူး အကြိုမိန့်ခွန်းမှာ ရှီကျင့်ဖျင်က စစ်ဖက်ဆိုင်ရာ…