နှစ်ဖက်တိုက်ပွဲကြောင့် ပလမြို့ တိုရွာကို စစ်ကော်မရှင်တပ် မီးတင်ရှို့
ပုလော၊ ဇန်နဝါရီ ၃၀ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ တိုရွာကို စစ်ကော်မရှင်တပ်က မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲကြောင့် စစ်ကော်မရှင်တပ်ဟာ လူနေထိုင်မှု မရှိတဲ့ တိုရွာက…
