မကွေးတိုင်းမှာ အချိန်အခါမဟုတ် ရွာသွန်းမိုးကြောင့် စပါးထွက်နှုန်း လျော့နည်းနိုင်
မကွေး နိုဝင်ဘာ ၁၁ မကွေးတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စပါးအထွက်နှုန်း နည်းနိုင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ၁၀ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် စပါးပင်တွေ လဲကျသွားတယ်လို့ သိရပါတယ်။ “မိုးက ဆက်တိုက်ရွာနေတာ သုံးရက်ရှိပြီ။ ဒီအတိုင်း ထပ်ရွာရင် ယောချောင်းတက်လာရင် ချောင်းဘေးက စပါးပင်တွေလည်း…
