October 18, 2026

မွန်လူငယ်ညီလာခံမှာ စစ်မှုထမ်းဖမ်းဆီးမှု အထူးဆွေးနွေးကြဖို့ NRFF တိုက်တွန်း

ရေး ၊ အောက်တိုဘာ ၁၈ စစ်မှုထမ်းဥပဒေဟာ မွန်လူငယ်တွေရဲ့ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေတာမို့ မွန်လူငယ်ညီလာခံမှာ အထူးသတိပြု ဆွေးနွေးဆင်ခြင်ကြဖို့ လိုအပ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က အောက်တိုဘာ ၁၇ ရက်နေ့မှာ သတိပေး တိုက်တွန်းလာပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ် ကျိုက်ဒေးတမော့ဗရတ် သာသနာပြုနယ်မြေမှာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တို့မှာ ကျင်းပပြုလုပ်တဲ့…

စစ်အစိုးရလက်ထက် ကုန်ဈေးနှုန်းမိုးထိုးလာ

မော်လမြိုင် ၊ အောက်တိုဘာ ၁၈ မြန်မာနိုင်ငံမှာ စစ်တပ် အသွင်ပြောင်း အစိုးရ အုပ်ချုပ်နေတဲ့ ခြောက်လအတွင်း အခြေခံ စားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းဈေးနှုန်းတွေ မိုးထိုးအောင် မြင့်တက်လာတယ်လို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကုန်ဈေးနှုန်းတွေဟာ စစ်တပ် အသွင်ပြောင်း အစိုးရ တက်လာတဲ့ ဧပြီလကစလို့ ခြောက်လအတွင်း သွင်းကုန် ကန့်သတ်ချက်တွေ၊ စက်သုံးဆီနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ဆက်တိုက်မြင့်တက်လာကြောင့်…

ကျိုက်ထိုမှာ ဆောက်လုပ်ဆဲ လုံခြုံရေးဂိတ် မီးရှို့ဖျက်ဆီးခံရ

ကျိက်ထို၊ အောက်တိုဘာ ၁၈ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ ဥသျှစ်ခြံလမ်းခွဲရှိ ဆောက်လုပ်ဆဲ ရဲလုံခြုံရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆောက်လုပ်ဆဲ ရဲလုံခြုံရေးဂိတ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။ မီးရှို့ခံရတာကြောင့် ဆောက်လုပ်ဆဲ ၁၂ ပေပတ်လည်…