September 9, 2026

ရေမြှုပ်နေသေးတဲ့ ကျိုက်မရောက စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်အစိုးရ ဖိအားပေး

ကျိုက်မရော၊ စက်တင်ဘာ ၉ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ရေမြှုပ်နေသေးတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ဖို့ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရက ဖိအားပေးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၈ ရက်နေ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ဦးဆောင်တဲ့အဖွဲ့ ကျိုက်မရောမြို့သို့ ရောက်ရှိလာပြီး ပိတ်ထားတဲ့ စာသင်ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့နဲ့…

ထိုင်းနိုင်ငံ ချွန်ဘူရီ မူကြိုကျောင်းမှာ ရဲအရာရှိရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး

ဘန်ကောက် စက်တင်ဘာ ၉ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ ဘန်လမွန်မြို့နယ်၊ နောင်ပလာလိုင်ဒေသရှိ မူကြိုကျောင်းတစ်ခုအတွင်း ဒီနေ့ စက်တင်ဘာ ၉ ရက် မနက် ၁၁ နာရီအချိန်ခန့်ကအသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းအတွင်းရှိ ကလေးငယ် ၄၄ ဦးစလုံးကို ဘေးကင်းရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ…