August 17, 2026

မြန်မာနယ်စပ် တိုက်ပွဲကနေ လက်နက်ကြီးကျည်တွေ ထိုင်းဘက်အထိ ကျရောက်

ဘန်ကောက် ဩဂုတ် ၁၇ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျည်တွေ ကျရောက်တာတွေ ရှိနေတယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ လက်တလော မြဝတီမြို့နယ်အနီးမှာ မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်က ကရင်တပ်ဖွဲ့တွေရဲ့ နေရာတွေကို ပြန်လည်ရယူနိုင်ဖို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့…