ဝါရှင်တန်၊ သြဂုတ် ၁၇
ပို့ကုန်တွေကို အမေရိကန် အခွန်ကောက်ခံမှု နည်းပါတဲ့ နိုင်ငံတွေကတဆင့် တင်ပို့ပြီးတော့ အမေရိကန် အခွန်တွေကို တရုတ် ရှောင်ရှားနိုင်ရေး နိုင်ငံပေါင်း ၄၀ ကျော်က ကူညီ ပေးနေတယ်လို့ အိမ်ဖြူတော်က အစီခံချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
ကုန်တင်သွင်းတဲ့ ကုမ္ပဏီတွေအပေါ် ပြဌာန်းထားတဲ့ အခွန် ဒေါ်လာ ဘီလီယံပေါင်းများစွာကို တရုတ် ရှောင်ရှားနိုင်ရေး ကူညီနေတယ်လို့ အိမ်ဖြူတော်က ပြောတဲ့ နိုင်ငံတွေထဲမှာ ကနေဒါ၊ အိန္ဒိယ၊ မက္ကစီကို၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်နေတယ်လို့ သိရပါတယ်။
အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေး ပီတာ နာဗာရိုက အဲဒီ လုပ်ရပ်တွေကြောင့် အမေရိကန်ကို ဝင်ငွေ ဘီလီယံပေါင်းများစွာ ထိခိုက်နစ်နာစေပြီး အမေရိကန် နိုင်ငံသားတွေကို အလုပ်အကိုင်တွေ ဆုံးရှုံးစေတယ်လို့ ပြောပါတယ်။
ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ကုန်သွယ်ရေး စစ်ပွဲတွေမှာ အနိုင်ရသူဆိုတာ မရှိကြောင်း၊ အမေရိကန်ရဲ့ အခွန် ကောက်ခံမှုတွေနဲ့ တရုတ် ကုမ္ပဏီတွေကို ပစ်မှတ်ထားနေတဲ့ အစိုးရအာဏာကို မိမိတို့ ကန့်ကွက်ကြောင်း ပြောပါတယ်။
ကနေဒါ၊ အိန္ဒိယ၊ မက္ကစီကို၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အဲဒီ စာရင်းမှာ ပါဝင်တဲ့ တခြား အမေရိကန် ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ အမေရိကန်ရှိ သံရုံးတွေဆီ ဘီဘီစီသတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဝါရှင်တန်မှာ တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ သမ္မတ ဒေါ်နယ် ထရန့် မတွေ့ဆုံခင် သီတင်းပတ်ပိုင်းအလို အမေရိကန်နဲ့ ကနေဒါကြား အရေးယူပိတ်ဆို့မှု လှိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် အဲဒီ အစီရင်ခံစာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
သြဂုတ် ၁၃ ရက်က ဖော်ပြခဲ့တဲ့ အစီရင်ခံစာမှာ ဒေါ်လာ ဘီလီယံ ၃၀ ကနေ ဘီလီယံ ၃၀၀ ကြား တန်ဖိုးရှိတဲ့ ကုန်စည်တွေကို အမေရိကန် အခွန် အများအပြား ပြဌာန်းထားတဲ့ နိုင်ငံတွေဆီကနေ အခွန်နည်းပါးတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့ခဲ့တယ်ကြောင်း အိမ်ဖြူတော်က အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍတို့ရဲ့ ခန့်မှန်းချက်တွေကို ကိုးကားပြီး အစီရင်ခံထားပါတယ်။
အဲဒီ လုပ်ငန်းစဉ်မှာ ကုန်စည်တွေကို တတိယနိုင်ငံ တစ်နိုင်ငံဆီ ပို့ဆောင်ပြီးနောက်မှ နောက်ဆုံး ပို့ဆောင်ရမယ့် နိုင်ငံတွေဆီ ပို့ဆောင်တာ ဖြစ်ပါတယ်။
တရုတ်ဟာ အခွန်နည်းပါးတဲ့ နိုင်ငံတွေဆီ ကုန်စည်တွေ ရွှေ့တဲ့ နည်းလမ်းကနေ အကျိုးအမြတ်ယူနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
တရုတ်က ကုန်စည်တွေကို တတိယနိုင်ငံတွေဆီ ပြောင်းရွှေ့ပြီး ကုန်စည်တွေရဲ့ မူလနိုင်ငံကို မသိရအောင် ပြန်လည် ထုပ်ပိုးပြင်ပြီး အခွန် နည်းပါးအောင် လုပ်ဆောင်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အဲဒီလို လုပ်ရပ်မျိုးတွေကို အမိဖမ်းဖို့ အမေရိကန်က ဉာဏ်ရည်တု နည်းပညာ အသုံးပြုနေတယ်လို့လည်း အိမ်ဖြူတော်က ဆိုပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထရန့်တို့ ဝါရှင်တန်မှာ စက်တင်ဘာလအတွင်း တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာ အခု အစီရင်ခံစာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref:BBC

