ရေးမြို့နယ်မှာ နှစ်ဖက်စစ်ရေး တင်းမာနေ
ရေး၊ ဇူလိုင် ၂၉ မွန်ပြည်နယ် ရေးမြို့နယ် အောင်သာယာကျေးရွာနဲ့ ကနင်ကမော့ကျေးရွာ အနီးပတ်ဝန်းကျင်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးထားတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကစလို့ အဲဒီကျေးရွာ ပတ်ဝန်းကျင်တွေမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးထားတာ ဖြစ်ပါတယ်။…
