တီဟီရန်၊ ဇူလိုင် ၂၉
တရုတ်နိုင်ငံထုတ် ပုခုံးထမ်း လေကြောင်း ကာကွယ်ရေး ဒုံးကျည် ပစ်လွှတ် လက်နက် ၄၀၀ ထဲက ပထမဆုံးအသုတ်ကို အီရန်က သီတင်းပတ်ပိုင်းအတွင်း လက်ခံရရှိတော့မှာ ဖြစ်ကြောင်း သဘောတူညီမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ခုက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အမေရိကန်နဲ့ စစ်ဖြစ်နေချိန်မှာ အီရန်က သူတို့ရဲ့ ကာကွယ်ရေးကို ပြန်လည် တည်ဆောက်နေချိန် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကန်ဒေါ်လာ သန်း ၆၀ နဲ့ သန်း ၇၀ တန်ဖိုးရှိတဲ့ အဲဒီ ဝယ်ယူမှုဟာ အမေရိကန်၊အစ္စရေးတို့နဲ့ စစ်ပွဲ စတင်ပြီးနောက်ပိုင်း တာတို လေကြောင်းကာကွယ်ရေး အားကောင်းလာစေဖို့ တီဟီရန်ရဲ့ အကြီးမားဆုံး ကြိုးပမ်းမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ စစ်အင်အားက အီရန်ရဲ့ စစ်ဖက်ဆိုင်ရာ နေရာတွေကို ကာကွယ်နိုင်စွမ်း အခြေအခံ အဆောက်အဦတွေကို ကာကွယ်နိုင်စွမ်းတွေကြား ဟာကွက်တွေကို လှစ်ပြနေပါတယ်။
တရုတ်နိုင်ငံထုတ် QW-12 နဲ့ FN-16 ဒုံးကျည်တွေ အပါအဝင် လူသယ်နိုင်တဲ့ လေကြောင်း ကာကွယ်ရေးစနစ် ၃၀၀ နဲ့ ၄၀၀ ကြား ဝယ်ယူဖို့ အီရန်က စာချုပ်ချုပ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်နဲ့ တရုတ်ကြား ကြားခံအဖြစ် ဟောင်ကောင် အခြေစိုက် ကျောင်ကျန်း ပေါ်ရှန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းက အဲဒီ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မှတ်ချက်ပြုပေးဖို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။
အဲဒီ ကိစ္စဟာ အတိမ်းအစောင်း မခံနိုင်တဲ့ ကိစ္စဖြစ်တာကြောင့် သတင်းရင်းမြစ်တွေက အမည်မဖော်ဘဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သတင်းတွေဟာ အခြေအမြစ်မရှိကြောင်း၊ တရုတ်ဟာ ငြိမ်းချမ်းမှု တိုးတက်လာစေရေးနဲ့ ပဋိပက္ခ အဆုံးသတ်ရေးတို့မှာ အခန်းကဏ္ဍ တစ်ခုကနေ အမြဲ ပါဝင်နေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတယ်ဆိုတဲ့ ဟောင်ကောင် အခြေစိုက် ကုမ္ပဏီကို ဆက်သွယ်ရာမှာလည်း တုံ့ပြန်မှု မရှိဘူးလို့ သိရပါတယ်။
ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လေကြောင်း ကာကွယ်ရေး စီမံကိန်းတွေကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်ရှင်လင်းခဲ့တာ လနဲ့ချီ ကြာပြီးနောက်မှာ အီရန် အနေနဲ့ လက်နက် ပြန်လည် ဖြည့်တင်းဖို့ လိုအပ်နေပါတယ်။
ဒီစစ်ပွဲက အသေထားရှိတဲ့ စစ်ဖက်ဆိုင်ရာ ဗျူဟာမြောက် တပ်စခန်းတွေကို အဆင့်မြင့် တိုက်လေယာဉ်တွေနဲ့ တိကျစွာ ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း လက်နက်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ရေး စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေတယ်လို့ လက်နက် ပညာရှင်တွေက ပြောဆိုထားပါတယ်။
Ref:Reuters

