Residents are transported on a boat through flood waters in Pyinmana in Myanmar's Naypyidaw region on September 13, 2024, following heavy rains in the aftermath of Typhoon Yagi. Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Sai Aung MAIN / AFP)

ဘီးလင်း၊ ဇူလိုင် ၁၆

မွန်ပြည်နယ် ဘီးလင်းမြစ်ရေကြီးမှုကြောင့် မြို့ပေါ်ရေဘေးရှောင်စခန်းတွေမှာ လာရောက်နေထိုင်နေတဲ့ ပြည်သူတွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က နေရပ်ပြန်ကြဖို့ အတင်းအကျပ် မောင်းထုတ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယအပတ်ကစလို့ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။

အဲဒီထဲက ရေဘေးသင့်သူ ၁၆၀၀ ကျော်ဟာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လက်အောက်ခံ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်း ၉ ခုမှာ လာရောက်ခိုလှုံနေထိုင်နေကြတာပါ။

ဒါပေမယ့် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အပါအဝင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရေပြန်ကျသွားပြီးဖြစ်တဲ့အတွက် ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ကြဖို့နဲ့ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ မနေကြဖို့ အတင်းအကျပ် မောင်းထုတ်သွားတယ်လို့ ဆိုပါတယ်။

ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ရေဘေးသင့်ပြည်သူတွေကို အတင်းအကျပ် နေရပ်ပြန်ခိုင်းတာကြောင့် အချေအတင် စကားများတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေဟာ အတင်းအကျပ် မောင်းထုတ်ခံရတာကြောင့် နေရပ်ပြန်သွားသူတွေ ရှိနေပြီး အဲဒီထဲမှာ နေရပ်ပြန်လို့ မရသေးတဲ့ ပြည်သူ ၃၀၀ ကျော်လောက်က ဘုန်းကြီးကျောင်းတွေနဲ့ ဘီးလင်းမြို့နယ် ဘောလုံးကွင်း ပွဲကြည့်စင်မှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ဇူလိုင် ၁၆ ရက်နေ့ မနက်ပိုင်း တိုင်းတာချက်တွေအရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေ အမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာကနေ ၈၉၀ စင်တီမီတာအထိ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ ဘီးလင်းကြောင်းတလျှောက်က ကျေးရွာပေါင်း ၂၇ ရွာမှာ ရေ သိသိသာသာ ပြန်လည်ကျဆင်းတာ မရှိသေးသလို မြို့ပေါ်ရပ်ကွက်တချို့မှာလည်း ရေအနည်းငယ် ကျန်ရှိသေးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.