အန်ကာရာ၊ ဇူလိုင် ၈
ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ဥရောပကို ကာကွယ်ရေး တာဝေးပစ် ဒုံးကျည် စီမံကိန်းအသစ်အတွက် လာမယ့် ၁၀ နှစ်မှာ စတာလင်ပေါင် ၃၇ ဘီလီယံကျော် သုံးစွဲဖို့ စီစဉ်ထားပါတယ်။
Deep Precision Strike စီမံကိန်းကို ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ မိတ်ဆက်ခဲ့ပြီး တူရကီမြို့တော် အန်ကာရာမှာ ကျင်းပတဲ့ နေတိုးအဖွဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ကီယာ စတာမာလည်း ဗြိတိန် ဝန်ကြီးချုပ်အဖြစ် သူ့ရဲ့ နောက်ဆုံး နေတိုး အစည်းအဝေး တက်ရောက်ဖို့ အန်ကာရာမြို့သို့ ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်က နေတိုး အဖွဲ့ဝင် အားလုံးနီးပါးက ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၃၅ မတိုင်ခင် GDP ရဲ့ ၃ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲမယ်လို့ သဘောတူထားခဲ့ကြပါတယ်။
ဥရောပ ကာကွယ်ရေး တာဝေးဒုံးကျည် စီမံကိန်းအသစ်နဲ့ ပတ်သက်လို့ နေတိုး ခေါင်းဆောင်တွေဟာ ဇူလိုင် ၈ ရက်မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
နေတိုးအဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး လက်နက်တွေထဲက တစ်ခုလို့ မှတ်ယူခံထားရတဲ့ အဲဒီ ဒုံးကျည်တွေဟာ မိုင် ၂၀၀ နီးနီးလောက်မှာ ရှိတဲ့ ပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်နိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ဆုံးမှာ ၁၂၅၀ မိုင်အထိ ပစ်ခတ် ရောက်ရှိအောင် စွမ်းဆောင်ရည် တိုးမြှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ကူးပါးက အဲဒီ အစီအစဉ်ဟာ မိမိတို့အနေနဲ့ အန္တရာယ်ပိုများတဲ့ ကမ္ဘာမှာ နေထိုင်နေရတယ်ဆိုတာကို အသိအမှတ်ပြုမှုရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ ပြောထားပါတယ်။
နေတိုးအဖွဲ့တွင်းမှာ ဥရောပ ပိုမို အင်အား တောင့်တင်းလာအောင် လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ မစ္စစ် ကူးပါးက ပြောပါတယ်။
ဒါပေမဲ့ စီစဉ်ထားပြီးဖြစ်တဲ့ စစ်ရေးဆိုင်ရာ စီမံကိန်း အများကြီလိုပဲ ဒုံးကျည် စီမံကိန်း အသစ်ဟာ ၂၀၃၀ ပြည့်နှစ်တွေ မတိုင်ခင် အသင့် ဖြစ်လာဖို့ မရှိသေးပါဘူး။
ဇွန်လက ဥရောပမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားမှု ပြန်လည် သုံးသပ်ရေး အမေရိကန် ကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
ဥရောပ ကာကွယ်ရေး အသုံးစရိတ်အတွက် နေတိုး အဖွဲ့ဝင်တွေ ပိုမို ထည့်ဝင်ကြစေလိုကြောင်း သမ္မတ ထရန့်က အကြိမ်ကြိမ် ရှင်းရှင်းလင်းလင်း ပြောထား ပါတယ်။
၂၀၃၅ ခုနှစ်မတိုင်ခင် ပြည်တွင်း ထုတ်ကုန် တန်ဖိုး GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ ကာကွယ်ရေးအတွက် အသုံးပြုဖို့ နေတိုး အဖွဲ့ဝင် နိုင်ငံတွေက ပြီးခဲ့တဲ့ နှစ် အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။
ဗြိတိန် အစိုးရက ကာကွယ်ရေးးဆိုင်ရာ ရင်းနှီးမြှုပ်နှံရေး အစီအစဉ်အရ ၂၀၃၀ မတိုင်ခင် ပေါင် ၃၀၀ ဘီလီယံ သုံးစွဲဖို့ ကတိပြုထားပြီး ဖြစ်ပါတယ်။
Ref:BBC

