ကျိုက်ထိုမှာ စစ်တပ် နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ
ကျိုက်ထို၊ ဇွန် ၂၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အာဏာသိမ်း စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ နေလည် ၁ နာရီအချိန်လောက်မှာ ကျိုက်ထိုမြို့နယ် ချောင်းစောင့်ကျေးရွာကို လေကြောင်းကနေ ဗုံးနှစ်လုံး လာရောက်ကြဲချသွားပါတယ်။…
