June 28, 2026

အာဏာသိမ်း သမ္မတရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု အာဆီယံ ဘုံသဘောတူညီချက်နဲ့ သွေဖယ်နေ

နေပြည်တော် ၊ ဇွန် ၂၇ ငြိမ်းချမ်း‌ရေးအတွက် လာရောက်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ထပ်မံ ဖိတ်ခေါ်ပေမယ့် အာဆီယံဘုံသဘောတူညီချက်နဲ့ သွေဖယ်ပြီး မြန်မာ့အကျပ်အတည်းမှာ အဓိက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ချန်လှပ်ထားပြန်ပါတယ်။ နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ရှင်းအောင်လုပ်ဖို့ လိုတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ ဇွန် ၂၆…

မွန်က စစ်တပ်ပိုင် ပဒုမ္မာဆပ်ပြာစက်ရုံကို MSME ထူးချွန်ဆု ချီးမြှင့်

ပေါင် ၊ ဇွန် ၂၇ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်ပိုင်ဆိုင်တဲ့ ပဒုမ္မာ ဆပ်ပြာစက်ရုံဟာ MSME ထူးချွန်ဆု ချီးမြှင့်ခံရတယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ ဇွန် ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ အသေးစား၊ အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း MSME နေ့ အထိမ်းအမှတ်…

မွန်မှတဆင့် ကရင်သို့ စစ်တပ်အင်အား အများအပြား ထပ်မံပို့ဆောင်

သထုံ၊ ဇွန် ၂၇ မွန်ပြည်နယ် သထုံမြို့နယ်မှတစ်ဆင့် ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြဝတီမြို့နယ်ဘက်သို့ ဦးတည်ပြီး စစ်တပ်ယာဉ်တန်းအများအပြား ထပ်မံပို့ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်သားကုန်တင်ကားပုံစံလို ဆင်တူအောင်ပြုလုပ်ထားပြီး တာလပတ်အမိုးအုပ်ထားတဲ့ စစ်တပ်ယာဉ်တန်းတွေဟာ ဇွန် ၂၆ ရက်နေ့က သထုံမြို့နယ်မှတဆင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ်ဘက်ကို ဦးတည်ပြီး ထွက်ခွာသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။…