ဆိုးလ်၊ ဇွန် ၅

အခု သီတင်းပတ် စောစောပိုင်းက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွင်း မဲစာရွက် မလုံလောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ၃၅ နာရီကြာ ဆန္ဒပြသူတွေ ပိတ်ဆို့ထားတဲ့ ဆိုးလ်မြို့ မဲရုံ တစ်ခုမှာ တောင်ကိုရီးယား အဓိကရုဏ်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဇွန် ၃ ရက်က ရွေးကောက်ပွဲဟာ သမ္မတ ယောင်ဆွတ်ယိုလ်ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ ခေတ္တ ကြေညာမှုနဲ့ ပတ်သက်လို့ ရာထူး စွန့်ခွာရပြီးနောက် သမ္မတ လီဂျေးမြောင် တာဝန်ယူပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံတဝှမ်း ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

သမ္မတ လီရဲ့ အာဏာရ ဒီမိုကရက်တစ် ပါတီဟာ မဲဆန္ဒနယ် အများစုမှာ အခြေအနေကောင်းနေပေမယ့် အရေးကြီးတဲ့ ဆိုးလ်မြို့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ထားပါတယ်။

ဆိုးလ်မြို့ရှိ မဲရုံ ၁၄ ရုံမှာ မဲစာရွက်တွေ မလုံလောက် ဖြစ်ခဲ့ပြီးနောက် အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က တောင်းပန်ထားပြီး မဲပေးမယ့်သူ အရေအတွက်ကို ကြိုတင် ခန့်မှန်းမှုအပေါ် အပြစ်တင်ထားပါတယ်။

မဲရုံ တချို့ကို ညနေ ၁၀ နာရီ အထိ ဖွင့်လှစ် ပေးထားခဲ့တာ ဖြစ်ပေမယ့် ရွေးကောက်ပွဲကို ကော်မရှင်ရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ငြိမ်သက်သွားအောင်တော့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

မဲရေတွက်နေတာကို ရပ်တန့်ပါလို့ ရေးထားတဲ့ စာတန်းတွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေက မဲပုံတွေ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတဲ့ အရာရှိတွေကို တားဆီးဖို့ ကြိုးပမ်းခဲ့ကြ ပါတယ်။

ရွေးကောက်ပွဲညက ဒါဇင်နဲ့ချီတဲ့ လူတွေ စုဝေးခဲ့ပြီးပြီး ဇွန် ၄ ရက်မှာ ဆန္ဒပြသူ ၁၀၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ Yonhap သတင်းဌာနက ပြောပါတယ်။

မဲရုံဝန်ထမ်းတွေဟ ဇွန် ၅ ရက် မနက်ပိုင်းအထိ မဲရုံတွေထဲမှာ နေခဲ့ရတယ်လို့ KBS သတင်းဌာနက ဖော်ပြထားပါတယ်။

အဓိကရုဏ်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ကြားဝင် ဖြေရှင်းပြီးနောက် ဇွန် ၅ ရက် မနက်ပိုင်းရောက်မှ မဲစာရင်းတွေ ထည့်ထားတဲ့ ပုံးတွေကို ရေတွက်ရေး စင်တာဆီ သယ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Source: AFP/ec/dc

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.