စင်ကာပူ၊ မေ ၃၀

သဘောတူညီမှု မရနိုင်ဘူးဆိုရင် အမေရိကန်က အီရန်ကို တိုက်ခိုက်မှုတွေ ပြန်လည်စတင်ဖို့ အသင့်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆေ့ချ်က မေ ၃၀ ရက်မှာ သတိပေးလိုက်ပါတယ်။

ဝါရှင်တန်နဲ့ တီဟီရန်က ညှိနှိုင်းဆွေးနွေးရေးမှူးတွေက သဘောတူညီမှု ရရှိဖို့ အတားအဆီး ဖြစ်နေတဲ့ အဓိက သဘောထား ကွဲလွဲမှုတွေ ပြေလည်စေဖို့ ဆောင်ရွက်နေချိန်မှာ ဝန်ကြီးဟက်ဆေ့ချ်က အခုလိုမျိုး သတိပေးလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြန်လည် တိုက်ခိုက်နိုင်စွမ်းဟာ လိုအပ်ရင် စွမ်းဆောင်နိုင်တဲ့ အတိုင်းအတာထက် ပိုပါတယ်လို့ ဝန်ကြီး ဟက်ဆေ့ချ်က စင်ကာပူမှာ ပြောဆိုခဲ့တာပါ။

မိမိတို့ရဲ့ လက်နက်ခဲယမ်း စုဆောင်းထားမှုဟာ အီရန်နဲ့ ကမ္ဘာတဝှမ်းလုံးမှာ တိုက်ခိုက်ဖို့ သင့်တော်တဲ့ အတိုင်းအတာထက် ပိုများတာကြောင့် ကျွန်တော်တို့ဟာ အရမ်းကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်လို့လည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။

အာရှ ကာကွယ်ရေးဝန်ကြီးတွေ၊ စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ သံတမန် ညီလာခံဖြစ်တဲ့ ရှန်ဂရီလာ ညီလာခံမှာ ဝန်ကြီး ဟက်ဆေ့ချ်က အမေရိကန်အနေနဲ့ အီရန်နဲ့ တိုက်ခိုက်နေပေမယ့် အာရှ-ပစိဖိတ် ဒေသရှိ မဟာမိတ်တွေကို ကျောခိုင်းထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်ဟာ သည်းခံခဲ့ပြီး အီရန်အနေနဲ့ နျူကလီးယား လက်နက် မပိုင်ဆိုင်နိုင်ရေး သေချာစေမယ့် ကြီးကျယ်တဲ့ သဘောတူညီမှု တစ်ရပ် ရယူချင်နေတယ်လို့ အဲဒီ ပင်တဂွန် အကြီးအကဲ ဟက်ဆေ့ချ်က ဆိုတာပါ။

အီရန် စစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်နဲ့ ပတ်သက်လို့ အပြီးသတ်ဆုံးဖြတ်ရေး အိမ်ဖြူတော် လျှို့ဝှက်အခန်းမှာ အစည်းအဝေးလုပ်မှာဖ်ု့ရှိတယ်လို့ သမ္မတထရန့်က ပြောဆိုထားပါတယ်။

ဧပြီလ စောစောပိုင်းက အပစ်အခတ် ရပ်စဲမှုကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးမှာ ဖြစ်ပြီး စစ်ပွဲကို အမြဲတမ်းအတွက် အဆုံးသတ်ရေး ညှိနှိုင်းရေးမှူးတွေအတွက် အချိန်ပိုရအောင် သက်တမ်းတိုးဖို့ စီစဉ်တာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲကြောင့် အီရန်နဲ့ လက်ဘနွန်မှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး အီရန်က ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် ကမ္ဘာ့စီးပွားရေး အထိနာခဲ့ရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.