ဘေဂျင်း၊ မေ ၂၀
ပြီးခဲ့တဲ့ သီတင်းပတ်က ဘေဂျင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ပြီးနောက် တရုတ်က ဘိုရင်း ဂျက်လေယာဉ် အစီးရေ ၂၀၀ ဝယ်ယူမှာ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
အဲဒီ သဘောတူညီမှုအရ အမေရိကန်က တရုတ်ကို လေယာဉ်အင်ဂျင် အစိတ်အပိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ရေး အာမခံပေးမှာ ဖြစ်ကြောင်း တရုတ် စီးပွားရေးဝန်ကြီးဌာနက မေ ၂၀ ရက်မှာ ပြောပါတယ်။
နှစ်နိုင်ငံအနေနဲ့ အောက်တိုဘာလက သဘောတူညီခဲ့တဲ့ အခွန်ဆိုင်ရာ သဘောတူညီမှုကို သက်တမ်းတိုးရေးလည်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး အခွန်အတုပ်တွေကို ဒေါ်လာ ၃၀ ဘီလီယံအထိ လျှော့ချသွားမှာ ဖြစ်ကြောင်းလည်း တရုတ် စီးပွားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ထရန့်ရဲ့ ခရီးစဉ် ပြီးနောက် ရက်ပိုင်းအကြာမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံနေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထရန့်ရဲ့ တရုတ် ခရီးစဉ်အတွင်း တရုတ် ဈေးကွက်သို့ အမေရိကန် တောင်သူတွေ ပိုမို ဝင်ရောက်ခွင့်နဲ့ ဘိုးရင်း လေယာဉ်တွေ ဝယ်ယူမှု အပါအဝင် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ ကတိကဝတ်တွေ အများကြီး ရှိခဲ့ပါတယ်။
ကျွန်တော်တို့ ဘိုင်းရင်းအတွက် လေယာဉ် အစီးရေ ၂၀၀ ကျော် အပါအဝင် ကြီးကျယ်တဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ လေယာဉ် အစီးရေ ၇၅၀ ထောက်ပံ့ဖို့လည်း ကတိထားခဲ့ပါတယ်။ ဒါက အကြီးမားဆုံး သဘောတူညီမှု တစ်ရပ် ဖြစ်ပါလိမ့်မယ်လို့ ထရန့်က တရုတ်က ထွက်ခွာလာပြီးနောက် Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ထရန့်ရဲ့ တရုတ် ခရီးစဉ်မှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဘိုးရင်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ကယ်လီ အော့ဘာ့ဂ်လည်း လိုက်ပါသွားခဲ့ပါတယ်။
မိမိတို့ရဲ့ တရုတ် ခရီးစဉ်ဟာ အရမ်းကို အောင်မြင်ခဲ့ပြီး တရုတ် ဈေးကွက် ပြန်လည် ဖွင့်လှစ်ရေး မိမိတို့ရဲ့ အဓိက ရည်မှန်းချက် ပြည့်မြောက်ခဲ့တယ်လို့ ဘိုးရင်း ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၅ အောက်တိုဘာက တောင်ကိုရီးယာမှာ ထရန့်နဲ့ ရှိတို့ မတွေ့ဆုံခင် တရုတ်နဲ့ အမေရိကန် အရာရှိတွေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သဘောတူညီမှု တစ်ရပ် ရယူထားခဲ့ ပါတယ်။
အဲဒီ သဘောတူညီချက်မှာ တရုတ် ထုတ်ကုန်တွေအပေါ် အမေရိကန် အခွန်တွေ လျှော့ချရေး တရုတ်ရဲ့ မြေရှားနဲ့ သံလိုက် တင်ပို့မှုတွေအပေါ် ကန့်သတ်ထားမှုတွေ ရပ်တန့်ရေးတို့ ပါဝင်ပါတယ်။
Ref:BBC

