ပိန်းဇလုပ်၊ မေ ၄

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ပိန်းဇလုပ်မြို့နဲ့သူဌေးကုန်းကျေးရွာအကြား မီးရထားလမ်း ၁၄၇ တံတားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်တပ်ဂိတ်စခန်းကို ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ရဲ့ အထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က အရာရှိ နှစ်ဦးနဲ့ တပ်သား သုံးဦး သေဆုံးပြီး သေနတ် ၅ လက်နဲ့ ဆက်စက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ဂိတ်စခန်းမှာ ရှိတဲ့ တဲ သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် KNLA တပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

KNU အနေနဲ့ အာဏာသိမ်းစစ်တပ်ကို နိုင်ငံရေး၊ စစ်ရေးအရ ဆက်လက်တော်လှန်တွန်းလှန်လျက်ရှိပြီး ပြည်သူလူထုလိုလားတောင့်တဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် အစဉ်တစိုက်အားထုတ် ကြိုးပမ်းလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.