May 4, 2026

မြောက်ကိုရီးယား ဘောလုံးအသင်း တောင်ကိုရီးယားမှာ လာကစားမယ်

ဆိုးလ်၊ မေ ၄ အခုလအတွင်း တောင်ကိုရီးယားသို့ မြောက်ကိုရီးယား အမျိုးသမီး ဘောလုံးအသင်း တစ်သင်းသွားရောက်မှာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း တောင်ကိုရီးယားမှာ ကစားမယ့် ပထမဆုံး မြောက်ကိုရီးယား ဘောလုံးအသင်း ဖြစ်လာမှာ ဖြစ်ကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မေ ၄ ရက်မှာ ပြောပါတယ်။ ကိုရီးယား နှစ်နိုင်ငံကြား ၁၉၅၀…

ရေနံပြဿနာကြောင့် အာရှ-ပစိဖိတ် စီးပွားရေး ထိခိုက်မှု ကြီးမားနေတယ်လို့ ဂျပန် ပြော

ကင်ဘာရာ၊ မေ ၄ ကမ္ဘာလုံးဆိုင်ရာ ရေနံ ထောက်ပံ့မှု အနှောင့်အယှက် ဖြစ်နေတာကြောင့် အာရှ-ပစိဖိတ် ဒေသအပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနေတယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက မေ ၄ ရက်မှာ ပြောလိုက်ပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အဘာနိစ်နဲ့ ပြောဆိုဆွေးနွေးပြီးနောက် တာကာအိချီက စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရေး သေချာအောင်…

ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့မှု နိုင်ငံရေးလှည့်စားချက်လို့ NLD အသိပေး

နေပြည်တော် ၊ မေ ၄ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ တည်နေရာ မဖော်ပြတဲ့ နေရာကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ထားမှုဟာ နိုင်ငံရေးလှည့်စားချက်သာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက မေ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့မှာ လူထုရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို မိသားစုနဲ့…

ပိန်းဇလုပ်မြို့အနီးက စစ်တပ်ဂိတ်စခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်

ပိန်းဇလုပ်၊ မေ ၄ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ပိန်းဇလုပ်မြို့နဲ့သူဌေးကုန်းကျေးရွာအကြား မီးရထားလမ်း ၁၄၇ တံတားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အဲဒီစစ်တပ်ဂိတ်စခန်းကို ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ရဲ့ အထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ…

ဟောမု့ဇ် ရေလက်ကြားထဲ ပိတ်မိနေတဲ့ သင်္ဘောတွေကို အမေရိကန်က ဦးဆောင်လမ်းပြ ခေါ်ထုတ်မယ်

ဝါရှင်တန်၊ မေ ၄ မေ ၄ ရက်က စတင်ပြီး ဟောမု့ဇ် ရေလက်ကြားမှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို အမေရိကန်က ဦးဆောင် လမ်းပြ ခေါ်ထုတ်ပေးမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ အီရန် အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ရဲ့ ကောင်းကျိုးအတွက် တားမြစ်ထားတဲ့ ရေလမ်းကြောင်းမှာ ပိတ်မိနေတဲ့သင်္ဘောတွေကို အမေရိကန်က ကယ်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း…

စွမ်းအင်ပြဿနာကြောင့် ဇီဝဒီဇယ် အသုံးပြုမှု မလေးရှားတိုးမြှင့်

ကွာလာလမ်ပူ၊ မေ ၄ ပြည်ပက တင်သွင်းရတဲ့ လောင်စာတွေအပေါ် အမှီပြုမှု လျှော့ချရေး မလေးရှား အစိုးရက ကြိုးပမ်းနေချိန် စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုကြောင့် ဇီဝဒီဇယ် အသုံးပြုမှု အရှိန်မြှင့်တင်လိုက်ကြောင်း ကြေညာပါတယ်။ ကျယ်ပြန့်တဲ့ ဆီအုန်းလုပ်ငန်း နယ်ပယ်ရဲ့ ကျောထောက်နောက်ခံပြုမှုနဲ့ မလေးရှားက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ပြဿနာ ရေရှည် ဖြစ်ပေါ်လာရင် ဇီဝလောင်စာ သုံးစွဲမှု တိုးမြှင့်ဖို့…