မွန်မှာ ရာသီပေါ် နှစ်ရှည်သစ်သီးဝလံတွေ အဆုံးအရှုံးများနေ
မော်လမြိုင် ၊ ဧပြီ ၂၈ မွန်ပြည်နယ်မှာ ရာသီပေါ် နှစ်ရှည်သစ်သီးဝလံတွေဟာ စက်သုံးဆီ အခက်အခဲနဲ့အတူ ရေမသွင်းနိုင်တာကြောင့် အဆုံးအရှုံးများနေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရာသီပေါ် နှစ်ရှည်သစ်သီးဝလံတွေဟာ ရင့်မှည့်ချိန် ကာလဖြစ်တာနဲ့အတူ ရာသီဥတု ပူပြင်းမှုကြောင့် ရေသွင်းဖို့ လိုအပ် နေချိန်မှာ သစ်သီးဝလံ စိုက်ပျိုးသူတွေကို စက်သုံးဆီ သီးခြား ရောင်းချပေးတာ မရှိတဲ့အတွက် ရေသွင်းဖို့…
