ဝါရှင်တန်၊ ဧပြီ ၂၇

ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲမှာ ဧပြီ ၂၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း မိမိအနေနဲ့ စိုးရိမ်မှု မရှိခဲ့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

ပစ်ခတ်မှုပြီးနောက် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ထရန့်က သူ့အနေနဲ့ မစိုးရိမ်ခဲ့ဘဲ အသက်ကို မိမိအနေနဲ့ နားလည်ကြောင်းနဲ့ မိမိတို့ဟာ ရူးသွပ်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်နေရတာ ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

ညစာစားပွဲ လုံခြုံရေး စစ်ဆေးရေးဂိတ်အနီး ပစ်ခတ် တိုက်ခိုက်ခဲ့ပုံရတဲ့ အသက် ၃၁ နှစ်အရွယ် ကိုးလ် သောမတ်စ် အယ်လန်ကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က ကိုးလ် သောမတ်စ်ကို ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ ကြားနာမှု တစ်ခု အတွင်း တရားဝင် စွဲချက်တင်ခဲ့ပါတယ်။

သူဟာ ဂိမ်းရေးဆွဲသူ တစ်ယောက် ဆရာတစ်ယောက် ဖြစ်တယ်လို့ ကိုးလ် သောမတ်စ်က ပြောပါတယ်။

ဒီအတောအတွင်း ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ အမေရိကန် ခရီးစဉ်ကို အသေးစား ပြင်ဆင်ခဲ့က လွဲလို့ စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်မှာ ဖြစ်ကြောင်း ဘက်ကင်ဟမ် နန်းတော်က ထုတ်ပြန်ပါတယ်။

အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲမှာ ပစ်ခတ် တိုက်ခိုက်ခဲ့သူဟာ စက်မှု အင်ဂျင်နီယာ တစ်ယောက်လည်း ဖြစ်ပြီး ထရန့်နဲ့ အစိုးရ အရာရှိတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ယုံကြည်ထားပါတယ်။

ကိုးလ် သောမတ်စ်ဟာ ခရစ်ယာန်ဘာသာကို အပြင်းအထန် ဆန့်ကျင်သူ တစ်ယောက် ဖြစ်ပြီး သူ့မှာအခက်အခဲတွေ အများကြီး ရှိနေကာ ထရန့် အစိုးရ အဖွဲ့က အရာရှိတွေကို ပစ်သတ်ချင်တယ်လို့ ပြောဆိုခဲ့တာပါ။

သူက ထရန့် အစိုးရ အဖွဲ့ထဲက ရာထူး အနိမ့်ဆုံး အရာရှိတွေကနေ ရာထူး အမြင့်ဆုံး အရာရှိတွေအထိ သတ်ပစ်ချင်တယ်လို့ စာတစ်စောင် ရေးထားခဲ့ကြောင်း သိရပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီး နာရီပိုင်း အကြာမှာ ထရန့်က သံသယရှိသူကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ဓာတ်ပုံကို လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

ထရန့်ဟာ အရင်ကလည်း လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အသက်အန္တရာယ် မကျရောက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့အနေနဲ့ စိုးရိမ်မှု မရှိခဲ့ဘူးလို့ ထရန့်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.