April 2026

ရေးအခြေစိုက် စကခ ၁၉ လက်နက်တိုက် မီးလောင်ပေါက်ကွဲ

ရေး၊ ဧပြီ ၂၀ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လက်နက်တိုက် မီးလောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စကခ ၁၉ လက်နက်တိုက်ဟာ မနေ့ ဧပြီ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ဝါယာရှော့ကြောင့် မီးစတင် လောင်ကျွမ်းပြီးနောက် အဆက်မပြတ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။…

နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်ဟာ အဆိုးကျော့သံသရာကနေ အပြီးတိုင်လွတ်မြောက်ရေးလို့ NUG ကြေညာ

မော်လမြိုင် ၊ ဧပြီ ၂၀ နွေဦးတော်လှန်ရေးရဲ့ အန္တိမပန်းတိုင်ဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစ်စုက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်ပြီး တိုင်းပြည်နဲ့ ပြည်သူကို နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိတဲ့ အဆိုးကျော့သံသရာကနေ အပြီးတိုင်လွတ်မြောက်ရေးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာပါတယ်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ဝမ်းမြောက်စွာနဲ့…

သြစတြေးလျနဲ့ ဂျပန်တို့ ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ စစ်သင်္ဘောဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုး

ဆစ်ဒနီ၊ ဧပြီ ၁၈ တရုတ်ကို တားဆီးရေး သြစတြေးလျ ရေတပ်ရဲ့ တာဝေး ပစ်ခတ်နိုင်စွမ်း အားဖြည့်ဖို့ ရည်ရွယ်တဲ့ စစ်အင်အား တည်ဆောက်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သြစတြေးလျ ရေတပ် အတွက် ကိုယ်ပျောက် ဖရီးဂိတ်သင်္ဘော တစ်ဒါဇင်နီးပါး ထောက်ပံ့ရေး သဘောတူညီမှု တစ်ရပ်ကို ဂျပန်က ဧပြီ ၁၈ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့…

အမေရိကန်က ပိတ်ဆို့ထားရင် ဟောမု့ဇ် ရေလက်ကြား ပြန်ပိတ်မယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဧပြီ ၁၈ အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ဆက်လက် ပိတ်ဆို့ထားမယ်ဆိုရင် ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် ဖွင့်ထားပေးတော့မှာ မဟုတ်ကြောင်း အီရန် လွှတ်တော် ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ရရှိတဲ့အချိန်အထိ အီရန် ဆိပ်ကမ်းတွေကိုဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ကြောင်းနဲ့ အဲဒီ ရေလမ်းကြောင်း ဖွင့်ထားပြီး စီးပွားရေး အတွက်…

တနိုင်ငံလုံးလွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတစ်ရပ် ရေးဆွဲသွားမယ်လို့ NUG ကာဝန်ပြော

မော်လမြိုင် ၊ ဧပြီ ၁၉ တနိုင်ငံလုံး လွှမ်းခြုံတဲ့ စစ်မဟာဗျူဟာတရပ် ရေးဆွဲ အကောင်အထည်ဖော်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မြန်မာ့နှစ်ဦးသဝဏ်လွှာမှာ ထည့်ပြောပါတယ်။ NUG နဲ့ CRPH အပါအဝင် K3C လို့ ခေါ်တဲ့ KIO ၊ KNU ၊ KNPP နဲ့ CNF တို့…

မြဝတီတိုက်ပွဲမှာ စစ်တပ် လေကြောင်းနဲ့ အပြင်းအထန်ခုခံနေ

မြဝတီ၊ ဧပြီ ၁၉ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းနဲ့အပြင်းအထန်ခုခံနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မင်းလက်ပံနဲ့ ဖလူးဒေသ တိုက်ပွဲဟာ ဧပြီ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး မွန်းလွဲပိုင်းမှာ စစ်ကော်မရှင်တပ်က မင်းလက်ပံရွာကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို မီးလောင်ဗုံးတွေပါ ထပ်မံကြဲချသွားတာ…

ဘီးလင်း ဝင်းတာပန်စစ်စခန်းမှာ တိုက်ပွဲပြင်းထန်နေ

ဘီးလင်း၊ ဧပြီ ၁၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာရှိ စစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ရှိတဲ့ ဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာကြောင့် ဧပြီ ၁၈ ရက်နေ့အထိ…

မွန်မှာ အကျဉ်းသား ၁၄၀ နီးပါး ပြန်လွတ်

မော်လမြိုင်၊ ဧပြီ ၁၈ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံရနေတဲ့ အကျဉ်းသား ၁၃၉ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အကျဉ်းဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။ မနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးအတွက် ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ အကျဉ်းသား ပြန်လွှတ်ပေးမှုအရ မော်လမြိုင်အချုပ်ထောင်က ၅၆…

ဘုရားသုံးဆူမြို့မှာ ရေးပြောက်ကျားတပ် YGF ဒုတပ်ရင်းမှူး လုပ်ကြံခံရ

ဘုရားသုံးဆူ၊ ဧပြီ ၁၈ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ ရေးပြောက်ကျားတပ် YGF ဒုတိယတပ်ရင်းမှူး ဗိုလ်ရန်ပိုင် (ခေါ်) ရဲဘော်ကြီး လုပ်ကြံခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ ည ၇ နာရီလောက်က ဘုရားသုံးဆူမြို့ပြင်ရှိ “ထူး”စားသောက်ဆိုင်မှာ YGF ဒုတပ်ရင်းမှူးနဲ့ ရဲဘော်ခုနှစ်ဦး ရှိနေချိန် DKBA တပ်ဖွဲ့ဝင်တစ်ဦးက…

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး ဆက်ကြိုးပမ်းမယ်လို့ NUCC အသိပေး

နေပြည်တော် ၊ ဧပြီ ၁၈ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို NUCC က ပြည်သူလူထုနဲ့ ထပ်တူများစွာ ဝမ်းမြောက်ရကြောင်း ကြိုဆိုတဲ့…