April 16, 2026

အီရန်ထံ လက်နက်တွေ မပေးဖို့ ရှီကျင့်ဖျင်ကို ပြောထားတယ်လို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၁၆ အီရန်ကို လက်နက်တွေ မပေးဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ထံ စာရေးပို့ တောင်းဆိုထားပြီး တရုတ်အနေနဲ့ တီဟီရန်ကို လက်နက်တွေ မထောက်ပံ့ပါဘူးလို့ ရှီက တုံ့ပြန်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က Fox Business Network အင်တာဗျူးမှာ ဧပြီ ၁၅ ရက်က ပြောပါတယ်။ ဘယ်အချိန်က…

ဘားအံမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ဘားအံ၊ ဧပြီ ၁၆ ကရင်ပြည်နယ် ဘားအံမြို့နယ် တလိုင်းကရင်နဲ့ကွင်းလေးကျေးရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ တလိုင်းကရင်နဲ့ကွင်းလေးကျေးရွာကြားကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာပါ။ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အသက် ၄၈…

အိမ်နီးချင်းနိုင်ငံတွေကြောင့် ညီညွှတ်ရေး အတားအဆီး ရှိနေတယ်လို့ NUG ယာယီသမ္မတ ပြော

မော်လမြိုင်၊ ဧပြီ ၁၆ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေအကြား ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီကနေ့ ဧပြီ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။ NUG ယာယီသမ္မတကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့…