ဘီးလင်း လေးကေစစ်စခန်း သိမ်းပိုက်ခံရ၊ ဒုတပ်ရင်းမှူး အရှင်ဖမ်းမိ
ဘီးလင်း၊ ဧပြီ ၁၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် လေးကေစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၁) စစ်ဆင်ရေးနယ်မြေ အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ လေးကေစစ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ စခန်းသိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ပြီး ဧပြီ ၁၂ ရက်နေ့မှာ စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး အောင်သော်နဲ့…
