ဗာတီကန် စီးတီး၊ ဧပြီ ၆
ပုပ်ရဟန်း မင်းကြီးအဖြစ် ပထမဆုံး ပြောကြားတဲ့ ပုပ်ရဟန်း မင်းကြီး လီယို ၁၄ ရဲ့ အီစတာပွဲတော် ဝတ်ပြုပွဲ မိန့်ခွန်းကို နားထောင်ဖို့ စိန့်ပီတာရင်ပြင်သို့ ဧပြီ ၅ ရက်က လူထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ကြပါတယ်။
ဗာတီကန်နန်းတော် ဝရန်တာကနေ ပြောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက စစ်ခင်းဖို့ အင်အားနဲ့ အာဏာရှိသူတွေအနေနဲ့ ငြိမ်းချမ်းရေးကို ရွေးချယ်ကြပါလို့ တိုက်တွန်းပြောကြားခဲ့တာပါ။
ပဋိပက္ခ ဆင်နွှဲလိုတဲ့ ကြီးစိုးချယ်လှယ်မှု၊ အာဏာတပ်မက်မှု စိတ်ဆန္ဒတိုင်းကို စွန့်လွှတ်ကြဖို့နဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ကမ္ဘာမှာ ဘုရားသခင်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုကို ခွင့်ပြုပေးကြဖို့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ပြောပါတယ်။
ပထမဆုံး အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးဟာ အီရန် စစ်ပွဲကို ဝေဖန်သူ ဖြစ်လာပြီး ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကို ရှုတ်ချကြဖို့ တင်မာမှု အရှိန် လျှော့ချကြဖို့ မကြာသေးခင်က တိုက်တွန်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးက ဗာတီကန် စီးတီးနဲ့ ကမ္ဘာကြီးအတွက် ဆုတောင်းပေးခဲ့ပြီး လက်ရှိ အချိန်မှာ လူတွေဟာ လူထောင်ပေါင်းများစွာ သေဆုံးနေတဲ့ ဖြစ်ရပ်တွေဟာ မထူးတော့သလို ဖြစ်လာကြတယ်လို့ သူက ပြောပါတယ်။
လက်နက်ရှိသူတွေ လက်နက်ချကြဖို့ စစ်ပွဲဆင်နွှဲနိုင်တဲ့ အင်အားရှိသူတွေ ငြိမ်းချမ်းရေးကို ရွေးချယ်ကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ မကွယ်လွန်ခင် အီစတာပွဲတော် ဝတ်ပြုဆုတောင်းပွဲအတွက် မိန့်ခွန်းပြောကြားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း ဖရန်စစ်ကိုလည်း လက်ရှိ ပုပ်ရဟန်းမင်းကြီး လီယိုက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က စစ်ပွဲတွေ ရပ်တန့်ကြဖို့ ပြောကြားခဲ့ပေမယ့် နိုင်ငံအမည်တွေကို ထည့်သွင်း ပြောဆိုတာမျိုး မရှိပါဘူး။
ခရစ်ယာန်တွေအတွက် အီစတာနေ့ဟာ အရေးအပါဆုံး နေတွေထဲက တစ်နေ့ ဖြစ်ပြီး ခရစ်တော် ရှင်ပြန်ထမြောက်မှု အထိမ်းအမှတ်နဲ့လည်း သက်ဆိုင်နေပါတယ်။
ပုပ်ရဟန်းမင်းကြီးက အီရန် စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကိုလည်း တိုက်ရိုက် တောင်းဆိုထားပါတယ်။
Ref:BBC

